Chapter 122
ထိုလူများပြုလုပ်ထားသည့် အသေးအဖွဲ့ကိစ္စများက သူတို့ကို သေဆုံးသည်အထိ ဖြစ်စေနိုင်မည်မဟုတ်၍ အခွင့်အရေးရအောင်စောင့်ပြီး သက်သေများစုဝေးထားရမည်ဖြစ်သည်။ သို့ရာတွင် ထိုလူများက သေရေးရှင်ရေးအခြေအနေတွင် အသက်စွန့်စားလုပ်ဆောင်ကြမည်ဖြစ်၍ နေရာတွင်ပင် အဖမ်းခံရရန်လိုအပ်သည်။
အဘယ့်ကြောင့်ဆိုသော် ဘဏ္ဍာငွေများနှင့် ရိက္ခာမျအပေါ်တွင် နာမည်မရေးထားသည့်အတွက် ၎င်းတို့ကို ပို့ဆောင်မည့်အချိန်ကိုစောင့်နေပြီး ရှန်တုန်းအစိုးရ၏ ဘဏ္ဍာတိုက်ထဲ ရောပြီး စာရင်းထဲ ပေါင်းထည့်ထားနိုင်သည်။ ထိုအခါမှ သက်သေလိုချင်ပါက ခက်ခဲသွားနိုင်ပေသည်။
ထို့အပြင် သူတို့က ယုံနင်မြို့စားမင်းကို အပြစ်ပုံချလိုကြခြင်းဖြစ်သည်။ အကယ်၍ သူ ယခုချိန်တွင် မလှုပ်ရှားပဲနေလိုက်ပါက ရိက္ခာများကို ကျင်းလင်သို့မပို့တော့မည်ဖြစ်၍ အရေးပေါ်လိုအပ်နေသည့် အခြေအနေကို မဖြေရှင်းနိုင်သောကြောင့် ကျင်းလင်တစ်မြို့လုံး ဒုက္ခရောက်သွားမည်ဖြစ်သည်။
မူလတည်းက သူတို့က ဆည်ကိုဖျက်ဆီးပြီး ကျောင်းသားများကို သတ်ပစ်ခဲ့ကာ ယခုအခါတွင်လည်း ဘဏ္ဍာငွေများနှင့် ရိက္ခာများကို ခိုးယူထားပြန်ပြီဖြစ်သည်။ သူတို့က ကျင်းလင်မြို့တွင် ကမောက်ကမဖြစ်အောင်ပြုလုပ်ချင်နေသည်။ သို့မှသာ ကျန်းမိသားစုမှ သာမန်လူတန်းစားမှူးမတ်များ တုန်လှုပ်လာကြမည်ဖြစ်သောကြောင့်ပင်။
ကျန်းနန်သို့ရောက်လာကြသူတိုင်းကလည်း ကျန်းမိသားစုမှ ယုံနင်မြို့စားမင်းလက်အောက်သို့ ရောက်ရှိလာကြ၍ သူတို့က ယုံနင်မြို့စားကို သတ်ပစ်ချင်လိုခြင်းဖြစ်သည်။
ရွှယ်ယန်က သူတို့အကြံအစည်များကို အောင်မြင်ခွင့်မပြုနိုင်ပေ။
သို့ဖြစ်၍ တော်ဝင်အမိန့်တော်ချမှတ်ပြီးသည်နှင့် အမိန့်တော်လက်ခံရန်အတွက် ရှန်တုန်းသို့ ချက်ချင်းထွက်ခွာရမည်ဖြစ်ကာ ချန်အန်းမှ ခွဲဝေပေးလိုက်သည့် ဘဏ္ဍာငွေများနှင့် ရိက္ခာများကို ကိုယ်တိုင် ယူဆောင်လာရမည်ဖြစ်သည်။
ESTÁS LEYENDO
အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်
AcciónI Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှောင်မားစာပေရှိ အမြှောက်စာဇာတ်ကောင်လေးတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရလေသည်။ အဓိကအမျိုးသားဇာတ်ဆောင် ရွှယ်ယန်...