Chapter 35
မမျှော်လင့်ဘဲ သူ၏အလုပ်မစခင်ပင် ပွဲပြတ်သွားခဲ့ရပြီဖြစ်သည်။ သူခိုးကြောင်ခိုးဝှက်မလုပ်ခင်မှာပင် လူမိသွားခဲ့ရသည်။
" အစကတော့ ငါမင်းဆီကိုလာလည်တာပဲ.." ကိုယ်လုပ်တော်ရှုမှ သူ၏အကြည့်နှင့်ဆုံလိုက်ချိန်တွင် သဘာဝမကျစွာ အကြည့်လွှဲလိုက်ပြီး အဓိပ္ပါယ်နှစ်မျိုးကိုဖော်ဆောင်နေသည့် အေးစက်နေသော အမူအယာဖြင့် " မင်းရဲ့အစေခံတွေကိုသာ သွားခွင့်ပေးလိုက်လို့ရတော့..ဒီနန်းတော်ကဆိုလိုချင်တဲ့အတိုင်းဖြစ်သွားမှာပဲ.. ဒီလိုကိစ္စတွေက မင်းရဲ့လူကပဲလုပ်ရတာ ကလေးရဲ့..."
ကျွင်းဟွိုင်လန်မှာ ပဟေဠိဖြစ်နေခဲ့သည်။ ထို့နောက်တွင် ကိုယ်လုပ်တော်ရှုမှ သူမ၏လက်ကိုမြောက်ကာ သူ၏အရှေ့သို့ပစ္စည်းတစ်ခုလှမ်းပေးလိုက်သည်။
ကျွင်းဟွိုင်လန် ငုံ့ကြည့်လိုက်ချိန်၌ လေးလံသော ခြုံထည်တစ်ဆောင်ကိုမြင်လိုက်ရလေသည်။
" ဗုဒ္ဓခန်းမဆောင်ကညဆိုရင်အေးတယ် ဒါကိုသူ့ဆီယူသွားပေးလိုက်..." ကိုယ်လုပ်တော်ရှု သူမ၏မျက်လုံးများကို ကို့ရို့ကားယားနိုင်စွာ လှန်လိုက်ပြီး သာမန်အကြည့်တစ်ချက်ဖြင့် " ဒီနေ့ဖြစ်ခဲ့တဲ့အရာတွေက နန်းတော်ကသူ့အပေါ်ကိုမှားယွင်းမိခဲ့တာပဲလေ..."
......
တောင်ပိုင်းကောင်းကင်၏အပြင်ဘက် ရင်းဟယ်မြစ်နံဘေးတွင် တိမ်ပင်လယ်အကြား၌ ပေတစ်ရာ့နှစ်ဆယ်မြင့်သောနတ်သစ်ပင်တစ်ပင်တည်ရှိလေသည်။ နတ်သစ်ပင်၏သစ်ကိုင်းများမှာ ထူထဲလှပြီး ကြည်လင်သောမက်မွန်ပွင့်များပြည့်နှက်နေ၏။
သစ်ပင်အောက်တွင် ကျားကွက်ကစားနေသော သူနှစ်ဦးရှိနေပြီး လူကြီးထဲများထဲမှ တစ်ဦးမှာ အဖြူရောင်ဆံပင်နှင့်မုတ်ဆိတ်မွှေးများရှိပြီး ကျားခုံပေါ်တွင် အချိန်အတန်တွေးတောနေကာ သူ၏လက်ထဲမှကျားစေ့ကို ခုံပေါ်သို့ရိုးရိုးရှင်းရှင်းလွှင့်ပစ်လိုက်ပြီး ကစားပွဲကိုဖျက်ဆီးလိုက်သည်။
" ဒီနတ်ဘုံတစ်ခုလုံးမှာ ပန်ရှင်းကျွင်းက ဆိုးရွားတဲ့ ကျားကစားသမားဆိုတာကိုဘယ်သူမသိလို့လဲ..ကျောက်စိမ်းဧကရာဇ်တောင်မှ ငါ့ကို ခြေလှမ်းအနည်းငယ်ချန်လှပ်ထားသေးတယ်.. မင်းလိုမြေအောက်ကမ္ဘာကကောင်ကတော့ ငါ့ကိုအမြဲလိုကိုသတ်ပစ်နေတော့တာပဲ..."

أنت تقرأ
အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်
حركة (أكشن)I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှောင်မားစာပေရှိ အမြှောက်စာဇာတ်ကောင်လေးတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရလေသည်။ အဓိကအမျိုးသားဇာတ်ဆောင် ရွှယ်ယန်...