အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

3.7K 474 30
                                    

Chapter 82

နေ့လယ်ခင်းအချိန်တွင် ကျွင်းဟွိုင်လန် အိမ်ပြန်ရောက်လာခဲ့သည်။

အမှန်တွင် သူက မျက်နှာချင်းဆိုင်ခြံဝင်းထဲတွင် ဖုရိသန့်ရှင်းရေးလုပ်ထားသည်ကို သွားကြည့်လိုသော်လည်း ဘုရင်ခံ၏အိမ်တော်အတွင်းသို့ ဝင်လိုက်သည်နှင့် သက်ဝင်စည်ကားနေသည့်မြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်။

အစေခံများက သေတ္တာကြီးငယ်များကို သယ်ဆောင်ကာ စံအိမ်ဝင်ပေါက်တွင် ဝင်လိုက်ထွက်လိုက်ဖြင့် အလုပ်များနေသည်။ ကျင်းပေါင်က တံခါးဝတွင်ရပ်ပြီး ပစ္စည်းသယ်နေသူများကို ညွှန်ကြားနေသည်။

ကျွင်းဟွိုင်လန် ရှေ့သို့ အမြန်လျှောက်သွားလိုက်သည်။

" မိန်းမစိုးကျင်းပေါင်လား..."

သူ အံ့ဩတကြီးဖြင့် မေးလိုက်သည်။

ကျင်းပေါင်က ကွမ်းလင်ဘုရင်ခံ၏ နံပါတ်တစ်မိန်းမစိုးတစ်ယောက်ဖြစ်နေသော်လည်း ကျွင်းဟွိုင်လန်ကို အလျင်အမြန်ဦးညွတ်အရိုအသေပြုလိုက်ပြီးနောက် သဘောကျစွာဖြင့် ပါးစပ်က နားရွက်တက်ချိတ်မတတ် ရယ်လိုက်သည်။

" သခင်လေး... အရှင့်သားရဲ့လှေက ဒီနေ့ပဲ ကမ်းကပ်ပါတယ်... အဲဒါကြောင့်မို့ အခုလောလောဆယ် တခြားလူကြီးမင်းတွေနဲ့ ဝိုင်သောက်နေပါတယ်..."

ကျွင်းဟွိုင်လန် အံ့ဩသွားပြန်သည်။

" ဒါဆို မိန်းမစိုးကျင်းပေါင်က သူနဲ့အတူ အဖော်မပြုပေးနေဘူးလား..."

ထိုနေရာတွင် သွမ့်ရှီးရှီးရှိနေ‌၍ သူရှိရှိ မရှိရှိ ပြဿနာမရှိပေ။ မည်သူမှလည်း သူ့သခင်၏ ဆံပင်တစ်ချောင်းကိုပင် ထိနိုင်မည်မဟုတ်ဟု တွေးလိုက်မိသည်။

ကျင်းပေါင် ပြုံးပြလိုက်သည်။

" ဒီအစေခံက စားသောက်ပွဲမှာ ရှိမနေလည်း ရပါတယ်... တခြားအစေခံတွေလည်း ပစ္စည်းတွေရွှေ့နေကြတာဆိုတော့ အရှင့်သား  ဒီနေ့အိမ်တော်မှာ မြန်မြန် အနားယူလို့ရအောင် လိုအပ်တာလေးတွေ ညွှန်ကြားပေးနေတာပါ..."

ကျင်းပေါင် ဤထက်ပို၍ ဘာမှရှင်းမပြနိုင်တော့ပေ။

သူ့သခင်က သခင်လေးရဲ့အိမ်တော်ကို အရမ်းလာချင်နေပြီး လှေပေါ်မှာ တစ်ရက်ထပ်နေရင်ရူးသွားတော့မှာစိုးလို့ ‌ဒီလောက်မြန်မြန်ကြီး ရောက်လာတာလို့ ပြောလို့လည်း မရဘူးလေ...

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now