Chapter 126
ကျွင်းဟွိုင်လန် သူတို့ကို ဦးစွာထွက်ပြေးခိုင်းလိုက်သည်မှာ သူကိုယ်တိုင်ကလည်း ဤနေရာတွင် လုံခြုံသည်ဖြစ်ပြီး သူတို့ကိုလည်း ဒဏ်ရာမရစေလိုသည့်အပြင် ထိုဓားပြများ၏ အကြံအစည်ကိုလည်း မနှောင့်ယှက်စေချင်သောကြောင့်ဖြစ်သည်။
ထိုနေရာတွင်ရပ်ကာ ချွေးသုတ်နေသည့် သက်လတ်ပိုင်းအရွယ်အရာရှိကိုကြည့်ကာ ကျွင်းဟွိုင်လန်၏ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
ထို့နောက် ကျွင်းဟွိုင်လန်၏အကြည့်များက မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် ပြဿနာရှာသူများထံ ရောက်ရှိသွားသည်။
" အားလုံးက အနားယူနေတဲ့အချိန်မှာ ကျွန်တော့်နေရာကို တုတ်တွေ လက်နက်တွေယူပြီး ရောက်လာကြတာပဲ ဘာတွေများ ကြံစည်နေကြတာလဲ..."
ကျွင်းဟွိုင်လန်က ထိုလူအုပ်ကြီးရှေ့တွင်ရပ်ကာ ခပ်အေးအေးပင်ပြောလိုက်သည်။
ယခုအချိန်တွင် ထိုလူများကို သေချာစွာလေ့ကျင့်ထားသည့် ကျင်းယီဝေ့အစောင့်များက ထိန်းသိမ်းထားလိုက်ပြီဖြစ်၍ ထွက်ပြေးရန်မဆိုနှင့် ခေါင်းပင်မမော့ရဲတော့ပေ။
သူတို့ထဲမှ ခေါင်းဆောင်ဖြစ်ဟန်လူက ခေါင်းမော့ပြီး ကျယ်လောင်စွာပြောလိုက်သည်။
" အရာရှိမင်းတို့က ကျွန်တော်တို့လစာတွေကို တစ်ဝက်တိတိဖြတ်ထားတာဆိုတော့ ကျွန်တော်တို့ကို သတ်နေသလိုပါပဲ..."
ကျွင်းဟွိုင်လန်က အေးစက်စွာပြုံးလိုက်သည်။
" သတ်တယ်တဲ့လား... ဒါ သင်ခန်းစာပေးလိုက်ရုံပါပဲ... ကျွန်တော် ခင်ဗျားတို့ရဲ့ ဇနီးနဲ့ကလေးတွေကို ဂရုမစိုက်ပေးထားလို့လား..."
နေရာတွင်ရှိနေသူအားလုံးက အံ့အားသင့်သွားကြသည်။
ကျွင်းဟွိုင်လန်၏ဘေးတွင်ရပ်နေသည့် ကျင်းပေါင်က အလျင်အမြန်အော်ပြောလိုက်သည်။
" ဝံပုလွေလိုနှလုံးသားနဲ့ ကျွန်တွေပဲ..."
သူ့အသံကို ကျယ်လောင်စွာပြောလိုက်၍ စိတ်လှုပ်ရှားစွာဖြင့်ရပ်နေသော အလုပ်သမားများကပါ ရှင်းလင်းစွာကြားလိုက်ရသည်။
YOU ARE READING
အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်
ActionI Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှောင်မားစာပေရှိ အမြှောက်စာဇာတ်ကောင်လေးတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရလေသည်။ အဓိကအမျိုးသားဇာတ်ဆောင် ရွှယ်ယန်...