Chapter 10
သူက ယခင်ဘဝမှ ကိစ္စအားလုံး နောက်တစ်ကြိမ်ဖြစ်ပျက်လာမည်ကို ကြောက်ရွံ့နေသည်မှာ မှန်ကန်သော်လည်း ရွှယ်ယန်ကို မင့်လွမ်နန်းဆောင်သို့ မဝင်ရောက်ရန် တားမြစ်လိုက်ခြင်းဖြင့် ပြဿနာကို မဖြေရှင်းနိုင်ပေ။ ယခင်ဘဝက ရွှယ်ယန်က သူ့အဖေကြောင့်သာ ရက်စက်ကြမ်းတမ်းခဲ့ရပြီး သူတို့ကျွင်းမိသားစု၏အဆုံးသတ်ဖြစ်ခဲ့ရသည်။ သို့သော် ယခုအခါတွင်မူ ဤကိစ္စကို နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသူတစ်ယောက်ရှိကာ ယခင်ဘဝကဲ့သို့ အခြေအနေမျိုးဖြစ်အောင် တွန်းအားပေးနေသည်ကို သူသိလိုက်သည်။
မင်းသား ၇က ရုတ်တရက် မင်းသား၅ဖြစ်သွားခဲ့ပြီး သူ့မိသားစုကလည်းရွှယ်ယန်နှင့် ရန်ငြိုးရန်စများစတင်ဖြစ်ပေါ်လာခဲ့၍ နောက်ဆုံးတွင်မူ ကျွင်းမိသားစုက ပျက်စီးကိန်းဆိုက်ခဲ့သည်။ အခွင့်ကောင်းယူမည့်လူတစ်ယောက်အတွက်မူ အခြေအနေများက အလွန်ထူးဆန်းသည်။ ထိုတစ်စုံတစ်ယောက်က ခြေလှမ်းတစ်လှမ်းချင်းစီတွင် ကျွင်းမိသားစုကို ချောက်ကမ်းပါးနားရောက်အောင် တွန်းပို့နေပြီး မည်သည့် ခြေရာလက်ရာမှ ချန်မထားခဲ့ပေ။
ဤကိစ္စ၏နောက်ကွယ်မှလူကို ရှာဖွေရန်အတွက် ယခင်ဘဝမှ လမ်းကြောင်းကဲ့သို့ တစ်ပုံစံတည်း လျှောက်လှမ်းရတော့မည်ဖြစ်သည်။ ရန်သူ၏ အကြံအစည်ကို လုံးဝမနှောင့်ယှက်ပဲ သူ့အတွက် ပြောင်းလဲမှုအသစ်များရရှိအောင် ဆောင်ရွက်ရမည်သာဖြစ်သည်။
" မင်းသား၇ကတော့ အဆင်ပြေပါတယ်..."
ကျွင်းဟွိုင်လန်က ကိုယ်လုပ်တော်ရှု့ကို ပြုံးပြလိုက်သည်။
သူက ဝန်မခံချင်သော်လည်း သူ၏အသိစိတ်က ဤရွေးချယ်မှုကို ငြင်းဆန်ရမည့်အကြောင်းပြချက်ကို ရှာမရပေ။ တစ်ခုတည်းသောအကြောင်းပြချက်မှာ ဆောင်းဦးလယ်ပွဲတော်အချိန်တွင်း ယုံလဲ့နန်းဆောင်ရှေ့မှ ကျောက်တုံးလှေကားထစ်များ၏ အေးစက်နေမှုကို သူ မမေ့နိုင်ခြင်းပင်။
–––
နန်းမြို့တော်၏ အနောက်တောင်ဘက်တွင် လူအရောက်အပေါက်နည်းသော နန်းတော်တစ်ခုရှိသည်။ မီးတောက်ကဲ့သို့ ရဲရဲနီနေသည့် မေပယ်ပွင့်များက နန်းတော်ကို ဝန်းရံထားပြီး ကြည့်ရသည်က သက်ဝင်လှုပ်ရှားနေသော်လည်း နန်းတော်ကပင် ခြောက်ကပ် နေခြင်းဖြစ်သည်။ ရိုးရာအရ သုတ်ထားခဲ့သော အနီရောင်ဆေးများကလည်း ခြောက်သွေ့ပြီး ကွာကျနေပြီဖြစ်သည်။
YOU ARE READING
အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်
ActionI Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှောင်မားစာပေရှိ အမြှောက်စာဇာတ်ကောင်လေးတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရလေသည်။ အဓိကအမျိုးသားဇာတ်ဆောင် ရွှယ်ယန်...