Chapter 101
အချိန်အတန်ကြာပြီးနောက် အခန်းထဲမှ ပျင်းရိပျင်းတွဲအသံတစ်သံ ထွက်ပေါ်လာသည်။
" သေလောက်တဲ့ ဒဏ်ရာမျိုးမဟုတ်ရင် ကျုပ်ကို နောက်တစ်ခါ မခေါ်ပါနဲ့... လူအိုကြီးတစ်ယောက် တောင်ပေါ်ကို အသွားအလာလုပ်ရတာ လွယ်တယ်များထင်နေလား... ယန်ကျိုးမြို့ကလူတွေက ကျုပ်အကြောင်း ကြားဖူးပေမယ့် သေချာမသိကြဘူးထင်တယ်... ကျုပ်က အနားယူသွားပြီးတော့ တောတောင်တွေထဲမှာပင် နေနေတာကြာပြီ... ဒီတစ်ကြိမ်ကတော့ ထားလိုက်ပါတော့..."
ထိုလူကြီးက ပျင်းရိစွာဖြင့် ပြောလိုက်သည်။
ထိုအသံက သမားတော်၏အသံဖြစ်ကြောင်း ကျွင်းဟွိုင်လန်သိလိုက်သည်။
သူ ကတိုက်ကရိုက်ဖြင့် မတ်တပ်ရပ်လိုက်ပြီး တံခါးဝသို့လျှောက်သွားချိန်တွင် ကျင်းပေါင်က သူ့ကိုလာနှုတ်ဆက်သည်။
" သခင်လေး ဝင်ကြည့်လို့ရပါပြီ... သမားတော်ပြောတာတော့ အရှင်နိုးလာမယ့်အချိန်ကို စောင့်နေရုံပါပဲတဲ့... သခင်လေး တစ်ချိန်လုံး စိတ်ပူနေခဲ့တာ အထဲကို သွားကြည့်လိုက်ပါဦး..."
ကျင်းပေါင်၏မျက်နှာထက်တွင် ပျော်ရွှင်ဝမ်းမြောက်မှုများဖြင့် ပြည့်နေသည်။
ကျွင်းဟွိုင်လန်က ကျင်းပေါင်ကိုကျော်၍ အခန်းထဲ ဝင်သွားလိုက်သည်။
အခန်းထဲမှ အစေခံမိန်းကလေးများ အားလုံးနီးပါးထွက်သွားကြပြီးနောက် အသက်၃၀ခန့်သာရှိဦးမည့် လူငယ်တစ်ယောက်က ဆေးပစ္စည်းများကို သိမ်းဆည်းနေသည်။
အခန်းထဲတွင် ဆေးနံ့ပြင်းပြင်းဖြင့်ပြည့်နေပြီး စန္ဒကူးရနံ့များဖြင့် ပြည့်နေသည်။
သူ့ရှေ့တည့်တည့်မှလူငယ်က သူ့ကိုယ်သူ လူအိုကြီးဟု သုံးနှုန်းလိုက်သည့် နတ်ဆေးသမားတော်ဆိုသူဖြစ်သည်။
အခန်းထဲကို တစ်ယောက်ယောက်ဝင်လာသည့်အခါ ထိုလူက မော့ကြည့်လိုက်ပြီးနောက် ကျွင်းဟွိုင်လန်ကို မြင်သည့်အခါ လုပ်လက်စများ ရပ်သွားသည်။
" ဒါက ကျောက်တုံးတွေအောက် အတူတူပိနေခဲ့တဲ့လူ နောက်တစ်ယောက်လား..."
![](https://img.wattpad.com/cover/343367611-288-k863752.jpg)
STAI LEGGENDO
အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်
AzioneI Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှောင်မားစာပေရှိ အမြှောက်စာဇာတ်ကောင်လေးတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရလေသည်။ အဓိကအမျိုးသားဇာတ်ဆောင် ရွှယ်ယန်...