အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

4.3K 525 0
                                    

Chapter 37

လူတစ်ယောက်မှာ သာမန်ပြုံးနေရုံဖြင့် ထိုမျှလှပနိုင်ကြောင်းကို ရွယ်ယန်မသိခဲ့ရပေ။ ထိုသူ၏အပြုံးမှာ လူအများ၏ စိတ်ထဲတွင် သက်တောင့်သက်သာဖြစ်စေနိုင်ကာ မနက်ခင်းတွင် တိုက်ခတ်လေ့ရှိသော လေပြေလေးကဲ့သို့ ကြည်လင်စေနိုင်သေးသည်။

ပုံမှန်အားဖြင့် ကိုယ်လုပ်တော်ရှု၏ ချစ်မြတ်နိုးမှုမှာ သူ့အတွက် အသုံးမဝင်သည်သာမက ဒုက္ခပင်ရောက်စေနိုင်သည်။ သို့သော် ယခုအချိန်တွင် အနည်းငယ်သာ အားစိုက်ထားသော်လည်း ပြဿနာများကို ဖြေရှင်းနိုင်မည်ဟုခံစားနေရသည်။

ရွှယ်ယန် အမြဲလိုပြောခဲလှသော်လည်း ဖုရိကိုကျေးဇူးတင်စကားဆိုလိုက်လေသည်။

ထို့ကြောင့် မနက်စောစောတွင် ကျွင်းဟွိုင်လန်၏ အိမ်အတော် အလွန်တရာသက်ဝင်တက်ကြွလျက်ရှိသည်။ စား‌ပွဲပေါ်ရှိ အိုးမှာ ရနံ့မွှေးနေသော သိုးစွပ်ပြုတ်ဖြင့်အပြည့်ဖြည့်ထားပြီး မီးအေးအေးဖြင့် ခြောက်နာရီခန့်မျှ သိုး၏အရိုးများကို ကျိုချက်ထားခြင်းဖြစ်ရာ ယခုအချိန်တွင်  ပွက်ပွက်‌ဆူနေပြီး ရနံ့နှင့် မီးခိုးငွေ့များက အခန်းတိုင်း၏ လေထုထဲတွင်ပြည့်နှက်နေသည်။ စားပွဲတွင်  နန်းတော်အကူလေးများနှင့် အထိန်းတော်များမှာ စားပွဲများပြင်ဆင်နေကြကာ ပန်းကန်များထဲတွင် အသားနှင့် ဟင်းသီးဟင်းရွက်များဖြင့်ပြည့်နေခဲ့သည်။

ကျင်းပေါင်သည်လည်း ထိုနေရာတွင်ရှိနေခဲ့သည်။ သူသည် ရွယ်ယန်၏နံဘေးတွင် အချိန်အတော်ကြာခစားနေခဲ့ရသော်လည်း သူ့ကိုကြောက်ရွံ့နေဆဲပင်ဖြစ်ကာ သူ့ကိုယ်သူအားပေးနေခဲ့သည်။ တစ်ချိန်ထဲမှာပင် မျက်စပစ်ကာ ချိုမြသောပါးစပ်လေးဖြင့် ကျွင်းဟွိုင်လန်၏နန်းဆောင်တွင်းရှိ နန်းတော်အစေခံလေးများကို စနောက်ကျီစယ်နေပြီး ထိုမိန်းမပျိုလေးများမှ ရယ်မောကာ သူ၏‌နဖူးကိုလက်ဖြင့်တောက်၍ သူ၏နောက်ပြောင်မှုအပေါ် ဆူပူနေကြလေသည်။

ကျွင်းဟွိုင်လန် ဝင်လိုက်သည့်တစ်ပြိုင်နက် အိုးနှင့် မြေနဂါးသလွန်တို့မှာ ပူနွေးနေသည်ကိုခံစားလိုက်ရချိန်မှသာ သူအလွန်ချမ်းနေခဲ့သည်ကို သဘောပေါက်သွားရသည်။ ထိုစဉ်နန်းတော်အစေခံလေးတစ်ဦးရောက်လာကာ သူတို့နှစ်‌ဦးအတွက် လက်စွဲအနွေးမီးအိမ်တစ်ခုကမ်းပေးလိုက်ပြီး အပေါ်ထပ်အင်္ကျီများကို ချွတ်စေကာ စားပွဲခုံ၌ထိုင်‌စေလိုက်ချိန်တွင် သူပြန်လည် နွေးထွေးသွားသလို ခံစားလိုက်ရသည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now