Chapter 33
ကျွင်းအန်းကျယ် ယုံလဲ့နန်းဆောင်၏ပွဲကြည့်စင်မှထွက်လာချိန်၌ ဧကရီမှာမူ ရှန်းရှီနှင့်စကားပြောရန်အတွက် ယုံနင်းမြို့စားထံသို့ သွားနေခဲ့သည်။ မင်းသား၂မှာ လူအုပ်ကြီးဖြင့်ဝန်းရံခံထားရသော်လည်း သူတစ်ဦးတည်းဖြစ်နေပြီး သူ၏နောက်မှ လိုက်ဝံ့သည့်သူမရှိခဲ့ပေ။
ကျွင်းအန်းကျယ်၏ခြေထောက်များမှာ ပျော့ခွေနေပြီး သူ၏စိတ်မှာမူ အက်ကွဲနေခဲ့သည်။
သူ၏ဖခင်အုပ်စိုးသောအရပ်မှာ လင်းနန်ဖြစ်ပြီး ထိုနေရာ၏လေထုမှာ လူကောင်းကိုပင် သေစေနိုင်သည်ဟူ၍သူကြားဖူးထားကာ အခြေအနေမကောင်းပေ။ သူသည် သေခြင်းနှင့်ရှင်ခြင်းကြား နေထိုင်ရန် တွန့်ဆုတ်နေခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း သူ့ကို မခံစားစေချင်သည့်အတွက် အဆုံးတွင် ယုံနင်းမြို့စားထံတောင်းဆိုနိုင်ခဲ့ပြီး ယုံနင်းအိမ်တော်တွင် နေထိုင်ခွင့်ရခြင်းဖြစ်သည်။
၎င်းမှာ အခြားသူများအပေါ်တွင် မှီခိုနေရခြင်းဖြစ်သော်လည်း လင်းနန်သို့သွားရခြင်းထက်တော့ သာလွန်နေသေးသည်။ ပို၍ကောင်းသည့်အချက်မှာ သူသည် မင်းသား၂၏မိတ်ဆွေအပေါင်းအသင်းဖြစ်ပြီး မင်းသား၂ပြီးလျှင် အကျော်ကြားဆုံးသူတစ်ဦးဖြစ်ရာ အလွန်ပင်အဖိုးထိုက်တန်လှကာ သူ့ကိုအထင်သေးရဲ့သည့်သူမရှိခဲ့ပေ။ တော်ဝင်မျိုးနွယ်သခင်လေးများအကြားတွင်လည်း သူသည် ပြောင်မြောက်သော စွမ်းဆောင်ရည်ရှိသူတစ်ဦးဖြစ်လေသည်။
သို့သော် ယခုအချိန်၌ ထိုအရာအားလုံး ပြီးဆုံးသွားရလေပြီ…
သူ ဧကရာဇ်ကို အပြစ်ပြုမိခဲ့ပြီး မင်းသား၂သည်ပင် သူ့ကိုမကယ်တင်နိုင်ခဲ့ချေ။ မင်းသား၂အတွက်မူ ထိုအရာမှာ သာမန်တော်ဝင်မျိုးနွယ်သခင်မလေးတစ်ဦးကို နောက်ပြောင်ခဲ့မိခြင်းဖြစ်သော်လည်း သူ့မှာမူ ၎င်းအရာသည် မင်းသားတစ်ပါးကို သွေးထိုးလှုံ့ဆော်သည့် ပြစ်မှုကြီးတစ်ခုဖြစ်သည်။
ကိစ္စများဤသို့ဖြစ်လာပြီး သူ့ထံတွင် လွတ်မြောက်ရန်လမ်းမရှိတော့သည်ကို ကျွင်းအန်းကျယ်သိရှိနေခဲ့သည်။ ထို့အပြင် ယခုအချိန်၌ သူ မိုင်ပေါင်းများစွာကွာဝေးသည့် အဆိပ်ငွေ့များပြည့်နှက်နေသော အဆိပ်ငွေ့များအပြည့်နှင့် လင်းနန်ပြည်နယ်ဆီသို့ သွားရောက်ရပေတော့မည်။

BẠN ĐANG ĐỌC
အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်
Hành độngI Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှောင်မားစာပေရှိ အမြှောက်စာဇာတ်ကောင်လေးတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရလေသည်။ အဓိကအမျိုးသားဇာတ်ဆောင် ရွှယ်ယန်...