Part 225

1.9K 216 0
                                    

Unicode
အပိုင်း (၂၂၅)
သိပ်တော့ လှပြီးနူးညံ့တယ်မဆိုသာပါဘူး

နန်းချန်လီက ရိုက်ချက် အနည်းငယ်ကို ဘုမသိဘမသိနဲ့ ခံလိုက်ရပြီး ဝမ်းနည်း သွားရလျက် “အဘွား၊ သားမှားသွားပါတယ်၊ ညီ ၂ က ငယ်ရွယ်ပြီး ချစ်စိတ်ပြင်းတယ်၊ ဒီအချိန်က ဖြည့်ဆည်းဖို့ အကောင်းဆုံး အချိန်ပဲလေ၊ အဘွားက သားတွေကို အရမ်းချစ်ခင်နေလို့ မရဘူးလေ၊ အား… ညီ ၂၊ က အနာဂတ်က ကောင်းမွန်မှာပါ၊ လွယ်ကူပြီး အဆင်ပြေချောမွေ့နေမှာ”

သူက သူ့ခုံကို ပြန်သွားထိုင်လိုက်သည့် အချိန်တွင် နန်းကွမ်ကလည်း ပြုံးမြမြနဲ့ အခန်းတွင်းကို ဝင်လာလေ၏။

“အမေ့ကို ဂါရဝပြုပါတယ်၊ အရှေ့ခြံမှာ ကျင်အာကို ပြုစုစောင့်ရှောက်နေရလို့ နောက်ကျ သွားတာပါ”

သူ့လက်ကို ကိုင်းညွတ်၍ ဂါရဝပြုလိုက်ရင်း ရှောင်းယီဘက်ကို လှည့်၍ “မနေ့ညက တူလေး ၂ က ညစာစားပွဲကို မိန်းမလှလေး တစ်ယောက်နဲ့အတူ တက်ရောက်တယ်လို့ ကျုပ်ကြားတယ်၊ ပြီးတော့ ဘုရင်ခံရွယ်ရဲ့ သမီးလေးကို ခမ်းနားကြီးကျယ်တဲ့ ပွဲလယ်မှာ မျက်နှာပျက်အောင် လုပ်ခဲ့သေးတယ်ဆို။ ဟား…ဟား…. မင်းကို မဆူရင် ကျုပ်က အကြီးတစ်ယောက် မပီသသလို ဖြစ်နေမယ်၊ ငယ်ရွယ်ပြီး ရူးမိုက်လိုက်လေခြင်း၊  ဘုရင်ခံဆိုတာက ကျုပ်တို့မိသားစုက အပြစ်ပြုမိလို့ရတဲ့ သူမို့လို့လား။ သူက မင်းကို သူ့ရဲ့ ခပ်ဝဝသမီးလေးနဲ့ လက်ဆက်ပေးချင်နေတာ၊ တကယ်လို့ မင်းသာ လက်ထပ်လိုက်ရင် သူ့ကိုဘယ်လိုလုပ် ဆန့်ကျင်ပြီး စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်လို့ရပါ့မလဲ။ အဲဒါက ဘုရင်ခံရွယ်ရဲ့ သမီးလေးလေ၊ မင်းက ဇီဇာကြောင်နေလို့ မဖြစ်ဘူး”

သူ၏ချဲ့ကား ပြောဆိုနေသော သံနေသံထားကို ကြည့်ရတာ ရှောင်းယီကို ရွယ်မိသားစုထဲ ပြေးဝင်စေချင်နေ ပုံပင်။

ရှောင်းယီက ရွယ်မိသားစုဝင် ဖြစ်နေသ၍ သူက မြင်းဒုန်းစိုင်းပြီး လုံခြုံစွာ စီးနိုင်မည်ဖြစ်သည်။

“အငယ်ဆုံးသား၊ ဒီကိုလာစမ်း”

အဘွားအိုက ပြင်းထန်လှသော အသံဖြင့် ခေါ်လိုက်လေသည်။

အာဃာတပြန်တမ်း ၂Where stories live. Discover now