Part 356

1K 102 1
                                    

အပိုင်း 356

ဘုရင်မင်းမြတ်နဲ့တွေ့ဆုံခြင်း: ပေါင်ရီက စကားပြောကျွမ်းကျင်လှတယ်

သူက မျက်ရည်တွေကော နှာရည်တွေပါကျလျက် ငိုယိုနေလေသည်။

နန်းပေါင်ရီက တော်တော်လေးကို စိတ်ပျက်သွားရလေသည်။ အမတ်မင်းက ထိုနေရာမှာရှိနေဆဲပင်။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့အဖေက အမတ်မင်းရဲ့ အနာဂတ်ယောက္ခထီးလောင်းလည်း ဖြစ်နေသေးသည်။ အဖေက အပြုအမူတွေကို နည်းနည်းလောက် သတိထားလို့မရနိုင်ဘူးလားလို့?

သူက နှာရည်တွေကို ဝတ်ရုံလက်နဲ့ သုတ်ပစ်လိုက်သည်။ သူမက ခါးသက်သက်ခံစားချက်ကို အောင့်အီးနေလိုက်ကာ နန်းကွမ်ကို လက်ကိုင်ပဝါတစ်ထည်ပေးလိုက်သည်။

နန်းယမ်ကလည်း လက်ကိုင်ပဝါတစ်ထည်ကမ်းပေးဖို့ ပြင်လိုက်လေသည်။

သမီးနှစ်ယောက်က သူ့အတွက်စိတ်မကောင်းဖြစ်နေတာကို တွေ့ရတဲ့အခါ နန်းကွမ်က ချက်ချင်း ထရပ်လိုက်ပြီး သူတို့နှစ်ယောက်ကို ကလေးလေးတွေလို သူ့ရဲ့လက်မောင်းတွေကြားထဲမှာ ပွေ့ဖက် ထားလိုက်ပြီး ငိုရှိုက်နေလေသည်။

ညီအစ်မနှစ်ယောက်ရဲ့ ပန်းပွင့်လေးတွေလို မျက်နှာလေးတွေက ချက်ချင်း ရှုံ့မဲ့သွားကြတော့သည်။ နန်းကွမ်က အခုလေးတင် ဝတ်ရုံလက်နဲ့ နှာရည်တွေကိုသုတ်ထားသည်လေ။

သူတို့ကို အခုလိုကြီး ဖက်တာက တကယ်ပဲ သင့်တော်ပါရဲ့လားလို့?

တချိန်တည်းမှာ နှစ်ယောက်စလုံးက နန်းကွမ်ကို ဖယ်ထုတ်လိုက်ကြပြီး နောက်သို့ဆုတ်၍ ခုခံကာကွယ် လိုက်ကြသည်။

နန်းယန်က လေသံလေးဖြင့် "ဖေဖေ၊ ဒီလိုလုပ်ဖို့မလိုပါဘူး၊ ညီမလေးနဲ့ သမီးက အမြဲတမ်း ဆက်ဆံရေးကောင်းပါတယ်၊ ဟုတ်တယ်နော် ညီမလေး?"

သူတို့မျက်လုံးချင်းဆုံတဲ့အခါမှာ မီးပွင့်မီးပွားတွေက နေရာအနှံ့သို့ လက်ဖြာနေသယောင်။

နန်းပေါင်ရီက အပြုံးလေးနဲ့ "ဟုတ်တယ်၊ ဖေဖေ၊ မမနဲ့သမီးက အရမ်းရင်းနှီးကြတာ"

နန်းကွမ်က မျက်ရည်တွေနဲ့ နှာရည်တွေကို သုတ်ဖယ်လိုက်ပြီး စိတ်ခံစားချက်တွေ ပြည့်နှက်နေပုံဖြင့် "ရင်းနှီးတာကောင်းတာပေါ့၊ မင်းတို့နှစ်ယောက်ရင်းနှီးတာကိုမြင်ရတာ အဖေအရမ်း သက်တောင့် သက်သာ ရှိတာပဲ၊ ကျောင်းကျောင်း၊ သမီးကအခုဆို သမီးအစ်မထက်ပိုပြီး အဆင့်အတန်းမြင့်သွားပြီ၊ သမီးအစ်မမှာ ခက်ခဲတဲ့အချိန်တွေရှိတယ်၊ သမီးက အစ်မကို ပိုပြီး ကူညီရမယ်နော်၊ အဖေ စဉ်းစားထားပြီးပြီ၊ ယန်အာရဲ့လက်ထပ်ပွဲအတွက် မစီစဉ်ရသေးခင်အချိန်အထိ သမီးကလည်း လက်ထပ်ဖို့အတွက် စကားမဆိုသေးနဲ့ဦး၊ မဟုတ်ရင် သမီးအစ်မကို လူတွေက လက်မထပ်ရသေးဘူး ဆိုပြီး လှောင်ရယ်ကြလိမ့်မယ်"

အာဃာတပြန်တမ်း ၂Where stories live. Discover now