Part 328

1.1K 105 2
                                    

အပိုင်း (၃၂၈)

အစ်ကို ၂ ရဲ့မျက်နှာထားက ပိုပြီးမသက်မသာဖြစ်နေသလိုပဲ

နိုင်ဝမ်ကျိုးက နှာမှုတ်လိုက်ပြီး သူမ၏ တုံ့ဆိုင်းနေသော အမူအရာကို ကြည့်နေသည်။

နန်းမိန်းကလေး ၅ ၏ သက်သာ ပျောက်ကင်းမှုက အဘိုးအို ဆေးနှင့် ဘာမှကို ဆိုင်မနေဘူး။

ရှောင်းယီ၏ သွေးနဲ့ လူကယ်ထားတာဆိုတာ အသိသာကြီး....

သူက မေ့မြောနေသော နန်းပေါင်ကျူးကို ကြည့်လိုက်သည်။

ရက်အနည်းငယ်လောက် အိပ်ရာထဲ လဲနေပြီးနောက် နန်းပေါင်ကျူးက ပိန်ကျ သွားလေသည်။ ဖြူဖွေးပြီး ပြည့်ဝိုင်းသော မေးရိုးလေး တင်မက နှုတ်ခမ်းများကလည်း ပို၍ ဖြူဖျော့နေလေသည်။

သူမက အမြဲတမ်း စားဖို့သောက်ဖို့ တက်တက်ကြွကြွ ရှိနေပြီး အရမ်းသွယ်လျသော သူ တစ်ယောက် မဟုတ်ခဲ့ချေ။

နိုင်ဝမ်ကျိုးက နှုတ်ခမ်းများကို တင်းတင်း စေ့လိုက်သည်။ သူ့အမေက တရုံတော်ဝင် မျိုးနွယ်မှ ဖြစ်သည်။ ထို့ကြောင့် သူကလည်း အဆိပ်ပြီး နေခြင်းပင်။ ဖြစ်နိုင်တာက ဒါကြောင့်ပဲ သူက ကပ်ရောဂါ ကူးစက်မခံရခြင်း ဖြစ်ပုံပေါ်သည်။

သို့သော် ရှောင်းယီ၏ တော်ဝင်သွေးစစ်စစ်နှင့် ယှဉ်ရင်တော့ သူ့သွေးက အားနည်းနိုင်ပြီး ကပ်ရောဂါ အတွက် အသုံးမဝင်တာလည်း ဖြစ်နိုင်သည်။

ဒါ့အပြင် သူ့မှာ.....

သူက ရေထည့်ထားတဲ့ ပန်းကန်လုံးကို ချလိုက်ပြီး နန်းပေါင်ကျူး၏ ခေါင်းအုံးပေါ်မှာ လှဲလိုက်သည်။ သူက လက်နှင့် သူမ မျက်နှာလေးကို ထိတွေ့နေသည်။

မိန်းကလေး ဝဝတုတ်တုတ်လေးက မနိုးလာသေး၊ သူနှင့်အတူ ကြက်တောင် ရိုက်မဲ့သူ ဘယ်သူမှမရှိ၊ သူနှင့်အတူ ကြိုးခုန်မဲ့သူ ဘယ်သူမှမရှိ....

ရှောင်းယီနှင့် နန်းပေါင်ရီက နေ့တိုင်း ခွေးစာကျွေးနေတာကို ထိုင်ကြည့်နေရတာ သူနည်းနည်း အထီးကျန်နေပြီ။

သူက စွန့်ပစ်ခံရသော ကြောင်လေး တစ်ကောင်လို မျက်တောင်များကို စင်းချထားသည်။ နန်းပေါင်ကျူးကို သနားစရာ ကောင်းအောင် သူ့ပါးပြင်နဲ့ ပွတ်သပ်နေလေသည်။

အာဃာတပြန်တမ်း ၂Where stories live. Discover now