Part 331

1.1K 105 0
                                    

အပိုင်း (၃၃၁)

ဆယ်နှစ်ကြာသောအခါ ကွဲအက်သွားသည့် မှန်ချပ်လေးက ပြန်လည် ပေါင်းစည်းခဲ့ပြီ

သူမက ဘုရင်ခံရွယ်ကို စိုက်ကြည့် နေသောအခါ ရှောင်းယီက ငုံ့၍ သူမကို ကြည့်နေသည်။

မိုးစက်များက ကောင်မလေး၏ အစိမ်းရောင် ဆံထုံးလေးကို စိုနေပြီ။ အိစက်နေသော ပါးပြင်လေးပေါ် ဆံစလေးများ တင်နေပုံက သူ့ကို သူမ၏ နားရွက် အနောက်ဘက်သို့ သပ်တင်ပေးချင်စိတ် ပြင်းပြင်းပြပြ ပေါ်လာစေသည်။

သူ့လက်တွေ ယားနေပြီ။

သူက ဖြည်းဖြည်းချင်း လက်ကို ဆန့်လိုက်ပြီး ကောင်မလေး၏ ဆံထုံးလေးက ဆံစလေးကို သူမ နားနောက်သို့ သပ်တင် ပေးလိုက်သည်။

သွယ်စင်းနေသော လက်ချောင်းများက သူမ၏ နားရွက်ဖျားလေးကို ဖွဖွလေး ထိတွေ့သွားသည်။

နန်းပေါင်ရီက အသံနက်နက်ဖြင့် "အစ်ကို ၂၊ ဘာတွေ စဉ်းစားနေတာလဲ"

"ဖြူဖွေးပြီး နူးညံ့တယ်။ ပြီးတော့ အိစက်ညက်ညော နေတာပဲ"

ရှောင်းယီက အမှန်အတိုင်း ဖြေလိုက်သည်။ နန်းပေါင်ရီက သူ့ကို မယုံသင်္ကာ အကြည့်နှင့် ကြည့်လာသည်။

သူမ အမတ်မင်းကို စကား ပြောလိုက်တိုင်း မြင်းခေါင်းပေါ်မှာ မရှိဘဲ အတွေးထဲမှ မီးပွင့်မီးပွားတွေ ဖြာထွက် လာသယောင် အမြဲခံစားရသည်။

သူမက "ညီမလေး အထင်တော့ ဘုရင်ခံရွယ်နဲ့ ဝေ့ကောင်း တော်ဝင်မိသားစုက မိန်းမများက အပြစ် ကျူးလွန်ကြတဲ့ သူတွေပဲ၊ သူတို့က တစ်ယောက်ကို တစ်ယောက် အပြစ်ပေးကြဖို့ အဆင့်မမီကြဘူး"

လမ်းပေါ်မှာတော့ ဝေ့ကောင်း ဧကရာဇ်၏ မိဖုရားကတော့ ဘုရင်ခံရွယ်ကို ဆဲရေးနေဆဲပင်။

ဘုရင်ခံရွယ်က တတွတ်တွတ် ရေရွတ်သည်။

"ငါက သူမကို ဟန်မဆောင် နိုင်အောင် မြတ်နိုးခဲ့မိတာ၊ သူမ အတွက်ဆို မီးရှို့ခံရဖို့လည်း ဆန္ဒရှိတယ်၊ ငါက သူမအတွက် စစ်ပွဲများကို နိုင်အောင် တိုက်ခိုက်ဖို့လည်း ဆန္ဒရှိတယ်၊ သူအိပ်မပျော်ခင်မှာ သူက ထပ်ပြီး လူတွေ မသတ်တော့ဖို့ ငါ့ကို မှာခဲ့တယ်၊ အဲ့ဒါကြောင့် ငါ ဆယ်နှစ် အတွင်းမှာ အနိုင်မယူခဲ့ဘူး၊ ငါတို့ရဲ့ ချစ်ခြင်းတရားက အလွန် ကြီးမားလှတယ်၊ မင်းတို့တွေ နားလည်မှာ မဟုတ်ပါဘူး"

အာဃာတပြန်တမ်း ၂Where stories live. Discover now