Part 390

1K 81 0
                                    


အပိုင်း (၃၉၀)

ကံကောင်းစွာနဲ့ ဒီမြှူဆွယ်နေသော ခွေးမက အမြင်မရှိဘူး

ထိုအကြံက နန်းကျင်းနှင့် နန်းချွန်းကို အလွန်ပျော်ရွှင် သွားစေသည်။

နန်းကျင်းက ထမရပ်ဘဲ မနေနိုင်တော့ "မေမေ၊ ညီမလေးနဲ့ ကျွန်မက နန်းတော်ကို သွားဖို့ အဝတ်အစားနဲ့ လက်ဝတ်လက်စားတွေ ပြင်ဆင်လိုက်ဦးမယ်၊ မေမေက အိမ်က အစေခံတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ လုပ်ပေးဦး၊ နန်းပေါင်ရီကို နန်းတော်ထဲက ဖိတ်စာပို့တဲ့ အကြောင်း မပြောစေနဲ့"

လျိုသခင်မက ခေါင်းကို ညိတ်လိုက်ပြီး သူတို့ အဝတ်အစားနှင့် လက်ဝတ်လက်စားတွေ ရွေးချယ်နေတာကို ချစ်ခင်စွာ ကြည့်နေလေသည်။

ထိုအချိန်မှာ သူတို့ ပြောနေကြသော မိန်းကလေးကတော့ ခြံဝင်းထဲမှာ ရှိနေဆဲ။ နန်းပေါင်ရီက အစေခံတို့ကို အမိန့်ပေး၍ မီးဖိုဆောင်ကို ပြန်စီစဉ် ခိုင်းလိုက်သည်။

သူမက စင်္ကြံလမ်းပေါ်ကို စာရွက်လိပ်တို့ ကိုင်ပြီး ဖြတ်သွားသော အစေခံကောင်လေး တစ်ယောက်ကို ရိပ်ခနဲမြင်လိုက်ပြီး ရုတ်တရက် ခေါ်လိုက်သည်။

"ယွင်ပေါင်၊ နင့် သခင်ဘယ်မှာလဲ"

ယွင်ပေါင်က နန်းချန်းလီ၏ အစေခံကောင်လေး ဖြစ်သည်။

ဝဖိုင့်သော ကောင်လေးက လက်ကိုဆန့်၍ ခေါင်းကို ကုတ်လိုက်ပြီး မျက်လုံးတို့က မျက်ဆံကို လှည့်နေကာ "လျိုတ ကွန်ဖြူးရှပ်ဝါဒီ ကျောင်းမှာ စာတွေကို လေ့လာ နေတုန်းပါပဲ....."

"နင်က စာအုပ်တွေကို ပြန်ယူလာတာလေ၊ သူက ဘာစာအုပ်ကို ဖတ်နေတာလဲ"

နန်းပေါင်ရီက တံခါးပေါင်ကို ကျော်၍ ထွက်လာပြီး သူ၏နားတို့ကို လိမ်ဆွဲလိုက်ကာ "ယွင်ပေါင်၊ ငါ့ကို မှန်မှန်ပြောစမ်း၊ ငါ့အစ်ကို ၄ ဘယ်ကိုသွားလဲ လိမ်ရင် နင့်နားတွေကို ဖြတ်ပြီး ကျူးကျူးကို သောက်စရာ လုပ်ခိုင်းပစ်လိုက်မယ်"

သူက မကြောက်ရှာပါချေ။ မျက်ရည်တို့ကို သုတ်၍ ဆွဲဆွဲငင်ငင် ငိုကြွေးမြည်တမ်း လေတော့သည်။

အာဃာတပြန်တမ်း ၂حيث تعيش القصص. اكتشف الآن