Part 385

702 87 1
                                    


အပိုင်း(၃၈၅)


အနာဂတ်မှာ လက်ထပ်ရမဲ့ သတို့သား၏နာမည်က ဘာလဲ

နန်းအိမ်တော်မှာ ကျင်းပသော စားသောက်ပွဲကြီးမှာ နန်းပေါင်ရီနှင့် ရှောင်းယီ၏ မင်္ဂလာပွဲအတွက် သတ်မှတ် လိုက်တာက သူမ၏ စိတ်ကို အကြီးအကျယ် ထိခိုက်စေသည်။ သူမက နန်းညီအစ်မကို တွေ့သောအခါ ပထမဆုံး လှုပ်ရှားမိတာက ပုန်းဖို့ပင်။

သို့သော်လည်း သူမတို့၏ စီးချင်းထိုးပွဲ အကြောင်းက ဟိုးလေးတကျော် ဖြစ်ခဲ့တာမို့ သူမက စိတ်ရှိတိုင်း ပုန်းလို့မရပါချေ။

တရှုံးခန်းမ၏ အပြင်ဘက်မှာတော့......

သခင်မမာက လုပ်ယူသော အပြုံးမျိုးကို အားတင်းပြုံးလိုက်ပြီး "အိုး... ဒါက မင်းသမီးပေါင်ရီ မဟုတ်ဘူးလား။ မင်းလည်း ကျီနန်ဘုရားကျောင်းကို အမွှေးနံ့သာ ပူဇော်ပြီး ဆုတောင်း ဝတ်ပြုဖို့ လာတာလား။ မင်းဒီသခင်မကို ပြောတော့ လက်ထပ်ပွဲက အဆင်ပြေ ချောမွေ့နေပြီဆို၊ ဘာလို့ ဘုရားကို လာပြီး ဝတ်ပြုနေသေးတာ"

သူမ ပြောလိုက်သောအခါ နန်းပေါင်ရီက ဒေါသထွက် သွားလေသည်။ မိန်းကလေးက နန်းပေါင်ကျူးကို ခန်းမထဲ ဝင်သွားဖို့ လက်ပြလိုက်သည်။

သူမက သခင်မမာကို ကြည့်ရင်း လှောင်ရယ် လိုက်ကာ "အဘွားမာကလည်း ဘုရားမှာ ဆုတောင်းဖို့ လာတာလား"

"ဟုတ်တယ်၊ ငါ့သား လက်ထပ်ဖို့ အတွက်လေ"

သခင်မမာ၏ စိတ်ထဲမှာတော့ လိပ်ပြာမလုံပေ။

နန်းပေါင်ရီက ခပ်သဲ့သဲ့ လှောင်ပြောင် ရယ်မောလိုက်သည်။

"သခင်မမာ၊ ကျွန်မ တဲ့တိုးပြောမိလို့ အပြစ်တော့ မတင်ပါနဲ့၊ ရှင်က တင်တောင်းတဲ့ ပစ္စည်း ကြီးကြီးမားမား လိုချင်တယ်ဆိုရင် သား မမွေးထားနဲ့လေ၊ မိသားစုရဲ့ ပစ္စည်းဥစ္စာတွေကို ခွဲခြမ်းမှာ စိုးရိမ်နေတယ်ဆိုရင် ရှင်က ချွေးမရရင် မိသားစုကို နွားတစ်ကောင်၊ မြင်းတစ်ကောင်လို လုပ်ကျွေး ခိုင်းစေချင်တာလား ..... ရှင့်လိုပေါ့၊ ဘယ်က ကောက်လာမှန်းမသိ အစေခံတစ်ယောက်၊ ဒါမှမဟုတ် လစဉ်ကြေး မပေးရတဲ့ လူတစ်ယောက်ကို ကောက်လိုက်တာက ပိုရှင်းလိမ့်မယ်"

အာဃာတပြန်တမ်း ၂Where stories live. Discover now