Part 366

707 91 0
                                    



အပိုင်း (၃၆၆)


သူ နန်းပေါင်ရီနဲ့ လက်ထပ်ရမှဖြစ်မယ်။

ဒန်းရဲ့ရှေ့က လှုပ်ရှားမှုက ကျောက်အဆောင်လေးကလူတွေရဲ့အမြင်ကို ဖမ်းစားသွားသည်။

အနီရောင်သစ်စေးသုတ်ထားတဲ့ ဧည့်တွေ့ဆောင်ငယ်လေးက မြင့်မားတဲ့ ကျောက်သားပေါ်မှာ တည်ဆောက်ထားပြီး ဥယျာဉ်တစ်ခုလုံးကို အပေါ်စီးက မြင်နေရသည်။

ချူးဟွိုင်နန်က ထိုဧည့်တွေ့ဆောင်မှာရပ်နေရင်း လိမ္မော်ရောင် ပိုးထည်ဝတ်စုံက လေမှာ တဖျတ်ဖျတ် လွင့် နေသည်။ သူ့ခါးထက်မှာတော့ နဂါးပုံ ကျောက်စိမ်းပြားကို ချိတ်ဆွဲထားပြီး လူကြီးလူကောင်း တစ်ယောက်အသွင်ဖြင့်ပင်။

သူ့ရဲ့ပုံပန်းသွင်ပြင်က ချောမောပြီးရင်း ချောမောနေကာ မျက်ရည်ခံမှဲ့လေးက ရှန်ဖေးရဲ့ဝါးပင်လေးက ကျလာတဲ့မျက်ရည်စက်လေးလို နုနယ်ချောမောတဲ့ဟန်နဲ့ အလင်းတို့ဖြာနေသလို။

သူက ကြီးမြတ်တဲ့အသရေနဲ့လူတစ်ယောက်ဖြစ်လေသည်။

ချန်းဇိုင်ရှီက ထိုင်ဖုံပေါ်မှာ ဒူးထောက်ထိုင်နေပြီး လက်ဖက်ရည်ကို ခပ်သွက်သွက်ဖျော်ကာ သူ့ရဲ့နောက်ကျောကို စိုက်ကြည့်နေလေသည်။

သူမရဲ့အမေက အသတ်ခံလိုက်ရပေမယ့် လူသတ်သမားကိုတော့ ရှာမတွေ့ခဲ့။ သူမကို သနားတာကြောင့် မင်းသားက သူ့ရဲ့ဘေးမှာ အနီးကပ်မိန်းကလေးအခြွေအရံအနေနဲ့ ခေါ်ထားခြင်းဖြစ်သည်။

ကံကောင်းစွာနဲ့ သူမက ဟူချင်တီးခတ်တတ်ပြီး စစ်တုရင်လည်းကစားတတ်သလို လက်ရေးလှနဲ့ ပန်းချီပညာကိုလည်း နားလည်တတ်ကျွမ်းသည်။ လက်ဖက်ရည်ဖျော်ခြင်းနဲ့ သေရည်ချက်ခြင်း တို့ကိုလည်း တတ်မြောက်ထားသည်။ သူမက မင်းသားရဲ့နောက်ကလိုက်ပြီး ညစာစားပွဲကို တက်ရောက်ခြင်းက သူ့ကို မျက်နှာမပျက်စေပေ။

သူမက လက်ဖက်ရည်ပူပူလေးတစ်ခွက်ကိုယူ၍ မှုတ်လိုက်ပြီး ရိုသေစွာဖြင့်ကမ်းပေးရင်း "မင်းသား၊ လက်ဖက်ရည်သုံးဆောင်ပါဦး"

ချူးဟွိုင်နန်က ထိုင်ဖုံဘက်သို့ တိတ်ဆိတ်စွာ လှည့်လိုက်သည်။ သူက အလွန်ယဉ်ကျေးတဲ့ အမူအရာနဲ့ ထိုင်ဖုံပေါ်မှာ ဒူးထောက်ထိုင်လိုက်ပြီး လက်ဖက်ရည်ကို တသီးတသန့်ဆန်စွာ သောက်နေလေသည်။

အာဃာတပြန်တမ်း ၂Where stories live. Discover now