Part 314

1.2K 120 1
                                    

အပိုင်း ၃၁၄

သူမက အရမ်းဇီဇာကြောင်တယ်

ကျန်းသက်တော်စောင့် အဖွဲ့.....

နန်းပေါင်ကျူး ရောက်လာတာကြောင့် အဘိုးနှင့် အဘွားက အရမ်း ပျော်နေကြပြီး အိမ်မှာ စားသောက်ပွဲကြီး တစ်ပွဲကို ကျင်းပကြသည်။ ကျန်းမိသားစု၏ မိသားစုဝင် ဦးရေက အရမ်း များလွန်းတာကြောင့် သူတို့က ညသန်းခေါင် တိုင်အောင် မပြန်ကြသေးပေ။

အဘွားက နန်းပေါင်ကျူးကို သူမ၏ လက်မောင်းထဲမှာ ထည့်ဖက်ထားပြီး ပြုံးရင်း "အဘွား လွန်ခဲ့တဲ့ နှစ်ရက်က သမီးအမေ လွှတ်လိုက်တဲ့ စာပို့ခိုကို ရတယ်၊ စာထဲမှာ ပြောထားတာတော့ သမီးက အဘွားတို့ အိမ်ကို ဒီတစ်ခေါက် လာတာ သတို့သားလောင်းကို ကြည့်ဖို့ဆို၊ လာ..လာ... သမီးရဲ့ ဝမ်းကွဲအစ်ကိုတွေ အများကြီးထဲက သမီးသဘောကျတဲ့ သူတစ်ယောက်ကို ရွေးကြည့်"

ကျန်းမိသားစု၏ သခင်လေးတွေက ရုတ်ခြည်း တန်းစီလိုက်ကြသည်။ ဘေးဘက် အခြမ်းကို ရေကြည့်တာ အားလုံးပေါင်း နှစ်ဆယ့်ရှစ်ယောက် ရှိသည်။

နန်းပေါင်ကျူး ရှက်ကိုးရှက်ကန်း ဖြစ်သွားလေသည်။

ဒီပုံစံကြီးက ဘာနဲ့ပိုတူလဲဆိုတော့ မင်းသားတစ်ပါးက မောင်းမ ရွေးနေသလိုပဲ ... ။

သူမက နိုင်ဝမ်ကျိုးကို ဆွဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဝမ်ဝမ်၊ ငါက တစ်ယောက်တည်း လက်မထပ်ဘူး၊ နင်လည်း မောင်းမတစ်ယောက် အနေနဲ့ လက်ထပ်ရမှာ၊ ငါ့ကို ကူရွေးပေးနော်... ဘယ်ဘက် အစွန်ဆုံးက တစ်ယောက်ကို နင်ဘယ်လိုထင်လဲ"

"အရမ်း သန်မာလွန်းတယ်"

"ညာဘက် လှမ်းလှမ်းက တစ်ယောက်ကရော"

"အရမ်း ပိန်လွန်းတယ်"

"ဘယ်ဘက်ခြမ်း ဒုတိယတန်းက တတိယမြောက် တစ်ယောက်ကရော"

"အရမ်းပုတယ်"

သူတို့နှစ်ဦးက သတို့သား ရွေးခြင်းမှာ အလုပ်ရှုပ် နေကြစဉ်မှာ ရှောင်းယီက ထိန်လင်းနေသော ခြံဝင်းထဲသို့ တစ်ယောက်တည်း ထွက်သွားတော့သည်။

ထိုနေရာမှာ ဘယ်သူမှ မရှိချေ။

စင်္ကြံလမ်းက ကျန်းမိသားစု ဥယျာဉ်ကို မျက်နှာမူ ထားသည်။ အလင်းရောင်များက ယိမ်းနွဲ့နေပြီး ရှည်လျားသည့် ညတာမှာ မိုးနှင့်လေက တသုန်သုန် တိုက်ခတ်နေသည်။ ငှက်ပျောပင်ကို လေတိုးနေသံက နားထောင်လို့ သိပ်မကောင်းလှပေ။

အာဃာတပြန်တမ်း ၂حيث تعيش القصص. اكتشف الآن