Part 250

1.5K 132 0
                                    

250 01

အပိုင်း (၂၅၀)

နန်းကျောင်းကျောင်းကို မောင်းမအဖြစ်ထားဖို့ သူက တွန့်ဆုတ်နေတယ်

ချန်းတယ်ယွီနဲ့ နန်းယန်က ရောက်လာခဲ့သည်။

ချန်းတယ်ယွီက ဝတ်စုံလက်အိတ်ထဲက ရွှေစငါးဆယ်ကို ထုတ်ယူလိုက်ပြီး နန်းပေါင်ရီကို ကမ်းပေးရင်း ပြုံး၍ ပြောလာသည်။

"နန်းအိမ်တော်က ငွေကြေးမရှားဘူး ဆိုတာကို သိပေမယ့် ဒီငွေက ကျောင်းကျောင်းအတွက် ခဲအိုက ရည်စူးပြီး ပေးတဲ့ငွေပဲ၊ ယူထားလိုက်၊ မင်းအစ်မ နဲ့အတူ ဈေးဝယ်ထွက်ကြပေါ့၊ ချိုချိုလေးတွေ ဝယ်စား ရင်စား၊ ဒါမှမဟုတ်လည်း ဝတ်စုံဖြစ်ဖြစ် ဝယ်ဝတ်ချင်ဝတ်ပေါ့"

သူကြားဖူးတာက ခယ်မနဲ့ခဲအိုဆိုတာ ရင်းနှီးဖို့ လွယ်တယ်တဲ့...

သူက ကျောင်းကျောင်းကို ခဲအိုတစ်ယောက်လို ဂရုစိုက်မှုတွေ ပေးနေသမျှ သူမက သူ၏ နူးညံ့ညင်သာမှုမှာ ကျိန်းသေပေါက် ကျဆုံးလာလိမ့်မည်။

သို့သော်လည်း သူမျှော်လင့်သလို ဇာတ်ညွှန်းက ဖြစ်မလာခဲ့ပါချေ။

"ခဲအို"

နန်းပေါင်ရီက လှောင်ရယ်လိုက်သည်။

ချက်ချင်းပင်၊ သူမက အတောမသတ်နိုင်အောင် လှောင်ရယ်ပြီး "ချန်းသခင်လေးက မေ့နေတယ် ထင်တယ်၊ ပထမဆုံး အနေနဲ့ နန်းယန်က မယားငယ် တစ်ယောက်ပဲ၊ ဒုတိယအနေနဲ့ နန်းယန်က ရှင့်ရဲ့ တရားဝင်ဇနီး မဟုတ်ဘူး၊ သူက မယားငယ် သက်သက်ပဲ၊ ဟုတ်တယ်၊ အဲဒီ ဆက်နွှယ်မှု အဆင့်နှစ်ခုနဲ့ဆို ရှင့်ကိုယ်ရှင် ခဲအိုလို့ပြောနေတာ မရှက်ဘူးလား ခဲအိုလို့ သတ်မှတ်ရမယ်ဆိုရင် ကျွန်မမှာ ဆုန်းရှစ်နင် ဆိုသော ခဲအိုတစ်ယောက်ပဲ ရှိတယ်၊ ရှင်တော့မဟုတ်ဘူး"

ချန်းတယ်ယွီ၏ အမူအရာက အလွန်တောင့်ခဲ သွားတော့သည်။

သူမကို ကမ်းပေးနေသော ငွေလက်မှတ်ကို ပိုပြီး တင်းတင်းဆုပ် ထားမိလေသည်။

နန်းယန်က သူမ၏ အစ်မကြီး နေရာကိုဝင်ယူပြီး အေးစက်စွာနဲ့ "ကျောင်းကျောင်း၊ အစ်ကိုချန်းကို မရိုင်းနဲ့၊ သူက နင့်ကို ကြင်ကြင်နာနာနဲ့ မုန့်ဖိုးပေးတာ၊ နင်က လက်ခံပြီး ကျေးဇူး တင်သင့်တာပေါ့၊ ဒါက အရမ်းကို မယဉ်ကျေးလွန်းရာ ကျတယ်၊ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ဖေဖေ့ကို မသွန်သင်ဘူးလို့ တခြားသူတွေက အထင်မှား ကုန်လိမ့်မယ်"

အာဃာတပြန်တမ်း ၂Where stories live. Discover now