Part 268

1.4K 159 1
                                    

အပိုင်း (၂၆၈)

လောကကြီး၏ စည်းစိမ်ချမ်းသာတွေ အားလုံးကို ထိန်းချုပ်ပြီး မင်းသမီးကို ဒူးထောက်စေလို့ ဧကရာဇ်ကို ဦးညွှတ်စေမယ်

သူမက မယားငယ်ဆိုသော အဖြစ်ကို ဘေးချိတ်ဖို့ ကြိုးပမ်းရင်း လှလှပပလေး 'လက်ထပ်ပြီး' ဆိုသော စကားလုံးကို သုံးသွားသည်။

"ဒီနေ့ အိမ်ကိုပြန်လာတော့ ဒီမြေးမလေးက အဘွားအတွက် အထူးလက်ဆောင် ယူလာခဲ့ပါတယ်"

သူမက တင့်တယ်စွာနဲ့ အစေခံဆီက ကနုတ်ဖော် သေတ္တာလေး တစ်လုံးကို ယူလိုက်ပြီး "ဒါက နှစ်နှစ်ရာ ဂျင်ဆင်းပါ၊ အဘွားမှာ တန်ဖိုးကြီး ပစ္စည်းတွေ မရှားပါးဘူးဆိုတာ သိလို့ ဒီဂျင်ဆင်းက ဒီမြေးမလေးနဲ့ အစ်ကိုချန်းရဲ့ သိတတ်တဲ့ လက်ဆောင်လေးပါ"

သူမက နန်းပေါင်ရီဘက်သို့ လှည့်ပြီး ကြင်နာစွာနဲ့ "ကျောင်းကျောင်း၏ ထိခိုက်ထားသော ဒူးဆစ်က တိုးတက် လာပြီလားမသိ ညီမလေးက သံတုတ်နဲ့ အရိုက်ခံရတယ်လို့ ကြားတယ်၊ ပြီးတော့ ဒူးဆစ်တစ်ခုလုံး သွင်သွင်ကျိုးသွားတာတဲ့၊ အစ်မ စိတ်ပူလိုက်ရတာ"

ပန်းပွင့်ခန်းမ တစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက် သွားတော့သည်။

အဘွားအိုနဲ့ တခြားသူတွေက နန်းပေါင်ရီကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

သူတို့၏အချစ်ဆုံး ကလေးလေးက ခြေထောက်သွင်သွင် ကျိုးသွားတယ်။

နန်းပေါင်ရီမှာ မခံမရပ်နိုင်အောင် စိတ်အနှောင့်အယှက် ဖြစ်သွားရတော့သည်။

တစ်နေ့မှာတော့ ဒီသတင်းက ပေါက်ကြား သွားမယ် ဆိုတာကို သိထားပေမယ့် အနည်းဆုံးတော့ သူမ၏ ခြေထောက်တွေ အလုံးစုံ ပြန်ကောင်း သွားဖို့တော့ စောင့်သင့်သည်လေ။

နန်းယန်၏ပါးစပ်က တကယ်ကိုပဲ......

ကြမ်းတမ်းသော ပါးစပ်က မရပ်တန့်နိုင်သေးဘူး.....

နန်းပေါင်ရီက လက်ကိုင်ပဝါလေးကို ဆုတ်ခြေရင်း ချိုမြိန်သော အပြုံးလေးနဲ့ "တကယ်လို့ ဒူးခေါင်းကို သံတုတ်နဲ့ အရိုက်ခံရရင် နာကျင်လွန်းလို့ နေနိုင်မှာတောင် မဟုတ်ဘူးမလား လောကကြီးမှာ ဒီလို ဘယ်ရှိပါ့မလဲ၊ သမီးကို ကြည့်ပါဦး၊ အကောင်းအတိုင်းပဲလေ၊ ကောလာဟလတွေက မယုံရပါဘူး၊ ဟား..... ဟား....."

အာဃာတပြန်တမ်း ၂Où les histoires vivent. Découvrez maintenant