အပိုင်း (၃၃၈)
အစ်ကို ၂ က အပြင်ဆောင်ထားနေလို့လား
နန်းပေါင်ရီက ဝတ်ရုံလက်လေးကို တိတ်တိတ်လေး ပင့်ပြီး မျက်နှာ တစ်ခြမ်းကို ကာလိုက်သည်။
စာမေးပွဲခန်းထဲမှာအန်တယ်ဆိုတာက ပြောဖို့ ရှက်စရာကြီး ...
နန်းချန်ရှုးက အန်လို့ပြီးသောအခါ သူက အစေခံလေး၏ လက်ကိုကိုင်ပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာကို ခက်ခက်ခဲခဲ မော့လိုက်သည်။
သူက မိသားစုများကို အပြုံးကြာကြာ ပြုံးကြည့်နေပြီး နူးညံ့လှသော လေသံနဲ့ "အဘွား၊ အဖေ၊ အမေ၊ ဦးလေး ၃၊ ဒေါ်လေး ၃၊ အစ်ကိုကြီးနဲ့ ညီမငယ်လေးတို့ ....."
'ဝေါ့' ဆို ထပ်အန် ပြန်လေသည်။ ထပ်အန်ပြီးသည့်နောက် သူက ခေါင်းကိုမော့၍ တောက်တောက်ပပ ပြုံးရင်း "ဒီတစ်ခေါက်တော့ အစ်ကို ၂ ရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ရမယ်၊ သူက ကျွန်တော့်ကို ခေါင်းစဉ်တွေ ရွေးထုတ်ပေးတယ်၊ စစ်ဖက်ဆိုင်ရာ နည်းဗျူဟာများကို စုစည်းပေးတယ်၊ ကဗျာတွေနဲ့ ဂန္တဝင်စာပေတွေရဲ့ များပြားလှတဲ့ ခေါင်းစဉ်များကိုလည်း စုပေးတာ၊ ဖြစ်နိုင်တာကတော့ ဒီအလယ် အဆင့်က ဘာမှမဟုတ်ဘူး၊ ပြဿနာ မရှိနိုင်ဘူး"
လူတိုင်း၏ မျက်နှာ အနေအထားများက အလွန် စိတ်ချသွားဟန်ပင်။ သူက အလွန်အကျူး စိတ်လှုပ်ရှား နေပြီး ထပ်အန်မှာ စိုးတာကြောင့် အဘွားအိုက တမင်တကာ အချိန်ခေတ္တ စောင့်နေပြီး သူက ဘာတုံ့ပြန်မှ မရှိတော့မှ သူမက ကြင်နာစွာဖြင့် "ဒီလိုဆို သားက တကယ် အောင်စာရင်းထဲ ပါတော့မှာပေါ့၊ ကျေးဇူးတင်စရာ ကောင်းတာပဲ...."
'ဝေါ့"
ထပ်အန်ပြန်လေပြီ။
နန်းအိမ်တော်က လူအားလုံးက အတန်ကြာတဲ့အထိ တိတ်ဆိတ် သွားတော့သည်။
အဘွားအိုက လက်ကို ဝှေ့ယမ်း၍ စိတ်မချမ်းမြေ့စွာဖြင့် "ပြီးသွားပါပြီ၊ ဆေးခန်းကို သွားကြရအောင်"
သူမက နန်းချန်ရှုးကို ဖုန်ခါပေးရန် ရည်ရွယ်လိုက်ခြင်း မဟုတ်ပေ။
နန်းပေါင်ကျူးက အိမ်တော်ဆီသို့ လျှောက်သွားပြီး တိုးဖွဖွဖြင့် "ငါ့အစ်ကိုက အရမ်း အားနည်းတာပဲ၊ သူ အောင်သွားရင်တောင် ရှန်ကျင်းကို ဘယ်လိုလုပ်ပြီး သွားပါ့မလဲ ရှန်ကျင်းကို မရောက်ခင် ခက်ခဲတဲ့ အချိန်တွေမှာ သူ့ရဲ့ ဘဝ ထက်ဝက်လောက်က ကုန်ဆုံးသွားမှာ စိုးရတယ်"