Part 246

1.5K 139 0
                                    

246 01

အပိုင်း (၂၄၆)

ကြင်နာစွာ သူမခါးလေးကို သိမ်းပွေ့လိုက်တယ်

ဇာပန်းထိုးထည်က ပြေလျော့သွားသည်။

မိန်းကလေး၏ အစိမ်းရောင် ပန်းထိုးဝတ်စုံလေးက ကြမ်းပြင်ပေါ်သို့ ဖွဖွလေး ကျသွားသည်။

ညခင်းလေပြည်က အနည်းငယ် အေးစက်သော အငွေ့အသက် ရောပါလာပြီး တဲအတွင်းသို့ တိုးဝှေ့လာပြီး မိန်းကလေး၏ အဖြူရောင် ပိုးသား ဘောင်းဘီရှည်ကို ညင်သာစွာ ခစားသည်။ ဖြောင့်စင်းသော ပေါင်တံ သွယ်ရာလေးကို ထင်းသွားစေပြီး ခေါင်းအစ ခြေအဆုံး ဘွားခနဲ ပေါ်လာလေသည်။

နန်းပေါင်ကျူးက အနည်းငယ် တောင့်တင်းသွားသည်။

သူမ၏နောက်က အစေခံငယ်လေး၏ အသံက အနည်းငယ် မသဲမကွဲ ဖြစ်နေပြီး ဒီညမှ တစ်ချက်ချင်းစီက ဆွဲဆောင်နေသလိုပင်။

သူမက တုံ့နှေးနှေးနဲ့ "နောက်ကျနေပြီ...နောက်ကျနေပြီ...."

နိုင်ဝမ်ကျိုးက ပန်းပွင့်ကိတ်မုန့်ကို သူမ၏ပါးစပ်ထဲသို့ သာမန်လိုပင် သွတ်သွင်း ပေးလိုက်ပြီး "မမလေး၊ စားကြည့်"

ပန်းပွင့်ကိတ်၏ ချိုမြိန်မှုက နန်းပေါင်ကျူးကို လုံခြုံသော ခံစားချက်ကို ပေးစွမ်းသည်။

သူမက မျက်ခုံးတွေကို တွန့်ကွေးရင်း "နင်ပဲ ငါ့အကြောင်းသိတယ်၊ တကယ်က ညလယ်ခေါင်ဆိုတာ အစားစားဖို့ ကောင်းသောအချိန်ပဲ၊ ပူပူစပ်စပ် အမဲသားဟင်း တစ်ခွက်လောက်ဆိုရင် အကောင်းဆုံးပဲ၊ အရမ်း အရသာရှိမှာ၊ ဒါပေမယ့် သာမန်လူတွေကတော့ ညခင်းညဉ့်နက်ရင် အစားမစားကြတော့ဘူး၊ ရယ်စရာပဲ"

နိုင်ဝမ်ကျိုးက ပြုံးလိုက်ရင်း ဝံပုလွေလို မျက်ဝန်းတွေက ဆန်းသစ်စ လခြမ်းလေးလို ကွေးညွတ်သွားသည်။

သူမ၏ဝမ်းဗိုက် အထက်ပိုင်းကို ရစ်တွယ်ထားသော လက်ချောင်းတွေကို ဖြေလိုက်ပြီး မိန်းကလေးက နောက်သို့ လိုက်ပါသွားသည်။

ဧပြီလ၏ နွေဦးနှောင်းပိုင်းမှာ သူမက ဝတ်ရုံ၏အောက်မှာ ရိုးစင်းသော ပိုးသားဘောင်းဘီကို ခါးမှာ ဝတ်ဆင်ထားသည်။

အာဃာတပြန်တမ်း ၂Où les histoires vivent. Découvrez maintenant