Part 309

1.6K 157 3
                                    

အပိုင်း ၃၀၉

ချန်းတယ်ယွီသေခြင်း

သူက ခဏမျှ စောင့်ကြည့်နေပြီးမှ ရုတ်တရက် ပြုံးလာပြီး "ကျောင်းကျောင်းက ငါ့ကို ဟာသလုပ်ဖို့ လာကြည့်တာလား"

ဟယ်ယဲ့က နှာခေါင်းလေးကို ရှုံ့လိုက်ပြီး တိတ်တိတ်လေး စိတ်ထဲက ပြောလိုက်သည်။ ဒီအစေခံက မမလေးရဲ့ ရည်ရွယ်ချက်ကို သိတာပေါ့၊ ကျိန်းသေပေါက်ပဲ သူမရဲ့ မမလေးက သူ့ကို ဂုဏ်ပြုဖို့လာတာ ဘယ်ဖြစ်နိုင် ပါ့မလဲ...

"မတွေ့ရတာ ရက်ပိုင်းပဲ ရှိသေးတယ်၊ အစ်ကိုချန်းက အများကြီး ပိန်သွားတာပဲ"

"အလှတရားလေးကို ငါဘယ်တော့မှ မမေ့ဘူး၊ တစ်နေ့လုံး မတွေ့ရတဲ့အခါ အရူးလိုပဲ တွေးမိနေတာ"

သူက သူမကို အရမ်း လွမ်းနေတာကြောင့် ကိုယ်အလေးချိန်များ ကျဆင်းသွားတာ ဖြစ်ကြောင်းကို ချန်းတယ်ယွီက နူးညံ့စွာ ပြောနေသည်။ ဒီနေရာက ငြိမ်းချမ်းမှုလေးကို ထိပါး နှောင့်ယှက်ခံရမှာ စိုးနေပုံပင်။

နန်းပေါင်ရီက လက်ကိုင်ပဝါလေးကို လှည့်ပတ်ပြီး ဆော့နေသည်။ သေတော့မည့် သူတစ်ယောက်ကို ကျီစားဖို့ သူမ ရှက်မိသည်။

အတိတ် ဘဝတုန်းက သူမ ဒီကဗျာကိုသာ ကြားရင် သေချာပေါက် ခုန်ပေါက် ပျော်ရွှင်မိမှာ ဖြစ်ပေသော်လည်း အခုတော့ ပြက်ရယ် ပြုလှောင် ရယ်စရာ တစ်ခုလိုပင်။

သူမက ဂရုတစိုက်ဖြင့် "ချန်းမိသားစုက ကျရှုံးသွားပြီ၊ အစ်ကိုချန်းရဲ့ အသုဘ စရိတ်ကိုတောင် ပေးပြီးပြီလား မသိ"

ချန်းတယ်ယွီ၏ အသွင်အပြင်က အနည်းငယ် တောင့်တင်း သွားရသည်။

ဒီမိန်းကလေးက အရမ်းကို တဲ့တိုးဆန်တာပဲ....

သူက လက်ကိုင်ပဝါကို ဆုပ်ပြီး ချောင်းဆိုး လိုက်သည်။ ခဏအကြာ လက်ကိုင်ပဝါက သွေးများစွန်းပြီး နီစွေးသွားတော့သည်။ သူက ခြေချိတ်ထိုင်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ဆိုမှုများ အဖြစ် သူ့အသံက ပွင့်အန်လာသည်။

"အရင်တုန်းက ကျောင်းကျောင်းနဲ့ စေ့စပ်ထားခဲ့တုန်းက ငါ မင်းကို အရမ်း စိတ်ပျက်ခဲ့တယ်၊ ငါက မိုးကောင်းကင်ရဲ့သားတော်တစ်ပါးလို့တွေးပြီး ဂုဏ်မောက်ခဲ့တယ်၊ ဘုရင်ခံရဲ့သား ငါက ဘယ်လိုလုပ်ပြီး ဉာဏ်မရှိတဲ့ ကုန်သည် သမီးတစ်ယောက်နဲ့ လက်ထပ် ရမှာလဲလို့ပေါ့၊ နောက်တော့ ငါရှန်ကျင်းမြို့ကို စာလေ့လာဖို့ သွားရတယ်၊ ငါမင်းရဲ့ စာတွေကို တစ်ခါတလေ လက်ခံရတယ်၊ မင်းရဲ့ ဆိုးဝါးတဲ့ အရေးအသားတွေနဲ့ လူပြိန်း တစ်ယောက်လို စကားတွေက ငါ့ကိုပိုပြီး မနှစ်မြို့စရာတွေ ဖြစ်လာစေတယ်"

အာဃာတပြန်တမ်း ၂Where stories live. Discover now