Part 384

613 75 2
                                    

အပိုင်း(၃၈၄)


ကျောင်းကျောင်းကို အရိုးတွေအထိ နာကျင်သွားအောင် လုပ်လိုက်ချင်တယ်

အဖြူရောင် ဝတ်စုံနှင့် တော်ဝင်မင်းသား တစ်ပါးက ဒီနှစ်ရက်အတွင်း ပေါ်မလာခဲ့ပေ။

အခုတော့ သူက ပုတီးစေ့ ကန့်လန့်ကာ အတွင်းသို့ ဝင်လာလေသည်။ သူ၏ သွင်ပြင်က အားနည်းနေဟန်။ တွေးကြည့်ရရင် စိတ်ခံစားမှုက သူ၏ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့ပုံပင်။

နန်းပေါင်ရီက နှုတ်ခမ်းထောင့်ကို သပ်၍ အားလပ်ချိန်မှာ ပွဲကြည့်ဖို့ စောင့်နေလိုက် လေတော့သည်။

ရှန်းရိချောင်က စာကြည့်ခန်းမှာ ဟန်ယန့်လျန်နှင့် ဆုံလိမ့်မယ်လို့ မထင်ထားမိချေ။

သူ၏ ဖျော့တော့နေသော ပါးပြင်တို့က မက်မွန်ပန်းရောင် အနည်းငယ် သန်းလျက် ပုံမှန်မဟုတ်စွာဖြင့် အဝေးကိုငေးနေကာ "ဒီမှာ ငါ့ကို လာရှာတာလား"

ဟန်ယန့်လျန်က မျက်ခုံးပင့်လိုက်သည်။

မငြင်းဆိုရသေးခင် ရှန်းရိချောင်က အရင်ပြောနှင့် နေလေပြီ။

"ငါဘယ်သူလဲဆိုတာ မင်းသိတယ်၊ တရုံဧကရာဇ်ရဲ့ တူတော်၊ ထင်ရှား ကျော်ကြားလှတဲ့ ရှန်းမိသားစုရဲ့ အသုံးအဖြုန်း ကြီးတဲ့ သားတော်၊ လောကကြီးရဲ့ ပထမတန်းအဆင့် စတုတ္ထသားတော်၊ မင်းနဲ့အတူ မက်ခဲ့တဲ့ နွေဦးအိပ်မက်ကတော့ တကယ်အမှန်ပဲ၊ အမှန်တရား တစ်ခုပဲ"

နန်းပေါင်ရီ၏ စိတ်ကတော့ ပြင်းပြင်းထန်ထန် ခုန်လှုပ်သွားရသည်။

ရှန်းရိချောင်၏ စကားတို့က စားပြီး နားမလည် လုပ်နေတာ အရှင်းကြီးပဲ။

ရှောင်းယီက သူမ၏ဘေးသို့ အမြန် ဆုတ်လိုက်ပြီး သူတို့နှစ်ယောက်ကို ထားခဲ့လေသည်။

သူက ခေါင်းကိုငုံ့၍ နူးညံ့စွာဖြင့် "ကျောင်းကျောင်းက ဘုရင်ခံရွယ်နဲ့ ချူးလဲ့ရှင်းကို သတ်ခဲ့တာလား"

"ဟုတ်ကဲ့"

ရှောင်းယီက သူမ၏ ဆံထုံးလေးကို ဖြေပေးလိုက်ပြီး "ဒေါသတွေပြေပြီလား"

အာဃာတပြန်တမ်း ၂Onde histórias criam vida. Descubra agora