1

1.4K 56 7
                                    


(1)

အလိမ်အညာတွေနဲ့ ဒီလောကကြီးထဲ ဘေးနားက လူတွေအကုန်လုံးကို ရန်သူတွေလို့ သတ်မှတ်ရမလား။

တစ်ယောက်အပေါ် တစ်ယောက် လှည့်စားခြင်းတွေက ဘယ်တော့များ ရပ်တန့်ပါ့မလဲ။

ချစ်ခြင်းက ပိုးဖဲသားလို နူးညံ့တတ်သလို ... မိစ္ဆာတစ်ကောင်လိုလဲ ရက်စက်တတ်ပြန်တယ်။

ဘာကိုများထပ်ပြီး စတေးရဦးမလဲ။

~~~~~~~~*

အသက် ၁၀ နှစ်မှာ သူမကို တစ်စုံတစ်ဦးက စတင်လိမ်ညာခဲ့သည်။

သူမရဲ့ ခမည်းတော်ပေါ့။
မီးပုံပွဲမှာ လျှောက်လည်ချင်လို့ တောင်းဆိုမိတော့ ခမည်းတော်က လက်ခံခဲ့တုန်းက သူမ သိပ်ပျော်ရတယ်။
သူမ မြို့တော်ထဲကို တစ်ခါမှ မရောက်ဖူးဘူးလေ။ နန်းတော်ထဲမှာပဲ အချိန်ပြည့် အခြွေရံတွေနဲ့ နေခဲ့ရတာ။ ပထမဆုံး အပြင်ထွက်ရမယ်ဆိုတော့ ပျော်ရွှင်မှုက အတိုင်းမသိ။ မယ်တော်က ငိုနေပေမယ့် နားမလည်စွာ သူမကတော့ ပျော်ပဲပျော်နေခဲ့တာ။ သူမ ဝေါယဥ်ပေါ်တက်တယ် မယ်တော့်ကို လက်ပြနှုတ်ဆက်ပြီး အထိန်းတော် နဲ့အတူ ပျော်ပျော်ရွှင်ရွှင်ထွက်လာခဲ့တာပဲ။

သိပ်မကြာခင်ပဲ သူမ စတင်ငိုရပါတော့တယ်။
အထိန်းတော် ​ကျွေးတဲ့မုန့်ကိုစားပြီးနောက် ဝေါယဥ်ပေါ်မှာ ဘယ်လောက်ကြာအောင် အိပ်ပျော်သွားသလဲမသိပေမယ့် နိုးလာတဲ့အချိန်မှာ သူမဟာ သူမတို့
လီတိုင်းပြည်မှာ မဟုတ်တော့ပါ။

.........
" လီယွမ် .... "

ထိုအသံ။ ပထမဆုံး ကြားဖူးတဲ့ ထိုအသံက သူမနာမည်ကို စခေါ်တယ်။ ထိုအမျိုးသမီးဟာ အနီရဲရဲတောက် ဝတ်ရုံကို ဆင်မြန်းထားပြီး ခက်ထန်တဲ့ မျက်နှာထားနဲ့ သူမကို စိုက်ကြည့်နေတယ်။ သူမဟာ ကြမ်းပြင်ပေါ်မှာ လဲကျနေရင်းမှ ထိုအမျိုးသမီးကို မော့ကြည့်နေမိတယ်။

" ဟန်တိုင်း ပြည်က ကြိုဆိုပါတယ် လီမင်းသမီး "

" ဟင့်အင်း ကျွန်မကို နန်းဆောင်ပြန်ပို့ပေး ... ကျွန်မ မယ်တော်နဲ့ တွေ့ချင်တယ် ! အင်း အဟင့် "

" မင်းမှာ ဘာမှပြောပိုင်ခွင့်မရှိဘူးဆိုတာ မှတ်ထား လီယွမ် ... မင်းက ဒီကို ဓားစာခံအနေနဲ့ရောက်လာတာ ... မင်းနားလည်လားတော့မသိပေမယ့် မင်း အသက်အရွယ်က ဘယ်လောက်ပဲ ငယ်နေပါစေ ငါက ညှာတာမှာမဟုတ်ဘူး "

Gentle & Cruel : Empress Li Yuan Where stories live. Discover now