7

348 39 22
                                    

(7)

ဟန်အိုက်ခေါ်ရာနောက်ကို လိုက်လာရင်း မြို့တော်ထဲသို့ရောက်လာသည်။ လှုပ်ရှားသွားလာနေတဲ့လူတွေ၊ စျေးဆိုင်တွေနဲ့ စည်ကားနေတာကို ကြည့်ပြီး လီယွမ့်စိတ်တွေလန်းဆန်းလာသလို ခံစားရသည်။

ခါးစည်းကြားညှပ်ထားသော ငွေစများကို ဟန်အိုက်က ထုတ်ကာ သကြားချောင်းနှစ်ခုဝယ်၍ လီယွမ့်ကို တစ်ခုပေးသည်။

" လာ လီယွမ် ဓားသိုင်းပြတာ သွားကြည့်ရအောင် "

ဟန်အိုက်နောက်သို့သာ လိုက်လာရင်း လီယွမ် အသစ်အဆန်းတွေအကုန်မြင်နေရသည်။

" လီယွမ် ကြည့်စမ်း ! "

ဓားရေးကစားပြနေသည့် အမျိုးသမီးတစ်ဦးကို လက်ညိုးထိုးတော့ လီယွမ်လဲ ထိုဆီအကြည့်ရောက်သွားမိသည်။

" ငါ ဒါကိုကြည့်ချင်နေတာ ကြာပြီ ငွေစနည်းနည်းထည့်ရင် ရမယ်ထင်တယ် သွားကြည့်ရအောင် "

ဟန်အိုက် လီယွမ့်လက်ကိုဆွဲကာ ထိုနားရောက်လာကြသည်။ ဟန်အိုက် တစ်ယောက်တော်တော်သဘောကျနေသည်မို့ လီယွမ်လဲ ကြည့်နေမိရင်း သဘောကျလာသည်။ တစ်ကွက်ချင်းစီကအစ သေသပ်စွာ ကစားရင်း ဓားရှည်ဟာ လေပေါ်မြောက်တက်သွားပြီး အမျိုးသမီး လက်ထဲ တိကျစွာ ပြန်ကျလာသည်။ အမျိုးသမီး၏ ခပ်ပြုံးပြုံးမျက်နှာအမူအရာနှင့် ဓာရေးပြကွက်များဟာ လိုက်ဖက်၍ လီယွမ် ပြုံး၍ပင် ကြည့်နေမိသည်။

" ဝါး ! "

ဟန်အိုက်က သဘောကျကာ ရှေ့သို့တိုးသွားသည်။

" ဟန်အိုက် "

တိုးရင်း တိုးရင်း အမျိုးသမီးနားသို့ ကပ်သွား၍ အမျိုးသမီးက ဟန်အိုက်ကို လှမ်းအကြည့်မိစဥ်တွင် ဟန်ချက်ပျက်ကာ သူမ လက်ထဲမှ ဓားက ချော်ထွက်သွားသည်။

" ဟန်အိုက် ! "

လန့်ပြီး ဟန်အိုက်ကို တွန်းဖယ်လိုက်သော်လဲ ဓားရှည်ဟာ လီယွမ့်ဆီသို့ ဦးတည်၍ ပစ်ဝင်လာတော့သည်။

" အား ! "

ကြောက်လန့်၍ မျက်လုံးစုံမှိတ်ပစ်ကာ ဘေးနားကလူတွေ ဝိုင်းအော်သံတွေကိုပင် မကြားနိုင်တော့ပဲ ထိုနေရာမှာတင် ရပ်နေမိသည်။

Gentle & Cruel : Empress Li Yuan Where stories live. Discover now