15

198 22 4
                                    

(15)

ထိုည။ အတိအကျပြောရရင် ဟန်အိုက်သေဆုံးခဲ့တဲ့ည။ လီယွမ့်နန်းဆောင်ထဲ တစ်ယောက်ယောက်ဝင်လာခဲ့တာတော့ သေချာသည်။ ယဲ့ကျီ မဟုတ်ဘူးဆိုရင် ဘယ်သူများလဲ။ သူမ မတွေးတတ်တော့ပါ။

" အများကြီး မတွေးပါနဲ့ သခင်မလေး၊ သခင်မလေး စိတ်ထင်တာလဲ ဖြစ်နိုင်တာပဲ "

" အင်းလေ ငါကတော့ တစ်ယောက်ယောက်ဝင်လာတာကို သိနေခဲ့တာ ဒါပေမယ့် နင်ပြောတော့လဲ မသေချာသလိုပဲ ... "

" သခင်မလေး !! ဆံထိုးက..... "

" ....... "

" ........ "

" ဘာလို့လဲ ယဲ့ကျီ ​ဆက်ပြောလေ ဆံထိုးက ဘာဖြစ်လို့လဲ "

" ဟို မဟုတ်တော့ပါဘူး ... သခင်မလေး ရေချိုးရအောင်နော် "

ယဲ့ကျီကို ထပ်မေးသေးပေမယ့် ပြောမလာတော့ လီယွမ် လက်လျှော့လိုက်ရသည်။

" နင်ဟန်ပြည်ကိုပြန်ရောက်ရင် ငါ့ဆံထိုးလေးကို ရှာပြီး သိမ်းထားပေးပါနော် ပြီးရင် ငါ့ကို ပို့ပေးပါ "

" ဟုတ်....ဟုတ်ကဲ့ပါ သခင်မလေး "

ဆံထိုးကို ကိုနှမြောတဲ့ စိတ်ကြောင့် လီယွမ် နေလို့ထိုင်လို့မကောင်းပေ။ ထိုဆံထိုးက မယ်တော်က သူမကို ပေးတဲ့ပစ္စည်း၊ မမလင်းဟန်က ကိုယ်တိုင်ပန်ပေးခဲ့တာလေ။ သူမ သေချာ ထိန်းသိမ်းနိုင်ရမှာပေါ့။

~~~~~~~~~~~~

မနက်လင်းတော့ ခရီးဆက်ခဲ့ကြလေသည်။ တဖြေးဖြေးနဲ့ ဟန်ပြည်ထဲက ထွက်လာပြီဖြစ်ပြီး နယ်စပ်ဘက်သို့ရောက်လာလေသည်။

လီယွမ့်စိတ်ထဲတွင် မမလင်းဟန်ကို စိတ်ပူတာ၊ ဟန်အိုက်ကို သတိရတာ၊ ဟန်ပြည်က သံယောစဥ်ဖြစ်နေတဲ့ လူတွေနဲ့ ခွဲခွာရမှာတွေကို တွေးမိပြီး ရှုပ်ထွေးလျက်ရှိသည်။
အရှင်မအကြောင်းကလဲ တစ်ချက်တစ်ချက် အာရုံထဲရောက်ရောက်လာသည်။

မမျှော်လင့်ပဲ ဆန်းကျယ်စွာ ဟန်ပြည်သို့ ရုတ်ချည်းရောက်လာခဲ့ပြီး ပြန်ထွက်သွားရတော့လဲ ရုတ်ချည်းပင်။ တကယ်တော့ သူမ လီပြည်က တော်ဝင်မင်းသမီးတစ်ပါး။ သူမအဖို့ ကြုံတွေ့ရတဲ့ အရာတွေက မတရားဘူးလို့ တွေးမိသည်။ လွန်ခဲ့တဲ့ လတွေ၊ ရက်တွေတုန်းက ဟန်အိုက်ကို အားကျမိခဲ့သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားသော ဟန်အိုက်ရဲ့ သေဆုံးမှုက ပိုထိတ်လန့်ဖို့ကောင်းသည်။

Gentle & Cruel : Empress Li Yuan Where stories live. Discover now