2

556 47 5
                                    


(2)

" ဟိုမိန်းကလေးနှစ်ယောက်ကို ရှာတွေ့ပါပြီ အရှင်မ "

" သူတို့ကို အကျဥ်းထောင်ထဲပို့ထား ... အင်အားအလုံအလောက်သုံးပြီး စောင့်ကြည့်ခိုင်းထား သိပ်ကို ဉာဏ်များတဲ့ မိန်းကလေးတွေ ... "

" ဟုတ်ကဲ့ပါ အရှင်မ "

" အင်း ပြီးတော့ မြို့တော်ထဲကို သတင်းထုတ်ပြန်လိုက်တော့ လီမင်းသမီးကို ရှာတွေ့တဲ့အကြောင်းနဲ့ ကျန်းကျန်းမာမာရှိနေတဲ့ အကြောင်း "

" ဟုတ်ကဲ့ပါ အရှင်မ "

ကြားနေရတာတွေကို နားမလည်ပါ။
အိပ်ရာနိုးစမို့ ကယောင်ကတမ်းတွေကြားနေသည်လားတော့မသိ။ အရှင်မရဲ့ အသံကိုတော့ သေချာကြားနေရတယ်။ မျက်လုံးတွေကို ဖြေးဖြေးချင်းဖွင့်ကြည့်တော့ ပြတင်းပေါက်ကို မျက်နှာမူပြီး၊ ကုတင်ဘက်ကိုကျောပေး ရပ်နေတဲ့ အရှင်မရဲ့ ဘေးတစောင်းပုံရိပ်ကို မြင်လိုက်ရတယ်။

အရှင်မက ဆက်ကနဲလှည့်ကြည့်တော့ အကြည့်ချင်းဆုံသွားရတယ်ဆိုရင် လီယွမ်ကပဲ မျက်လွှာချလိုက်မိတယ်။

" ဘယ်လိုနေလဲ "

သူမ အရှင်မကို မော့ကြည့်မိတယ်။

" ခြေထောက်က နာနေသေးလား "

ဒီလိုမေးခွန်းကို မေးနေတဲ့အချိန်မှာတောင် အရှင်မဟာ မျက်နှာထားတင်းတင်းနဲ့တဲ့လေ။ သူမ တွေးမိသလိုပဲ အရှင်မမှာ စိတ်ခံစားချက်မရှိဘူးနဲ့တူပါတယ်။

" ဟုတ်ကဲ့ "

သူမဆီက အဖြေရတာနဲ့ အရှင်မဟာ ချာကနဲ လှည့်ထွက်သွားတော့တယ်။ ရုတ်တရက်လှည့်လို့ လေထဲလွင့်ခါသွားတဲ့ အရှင်မရဲ့ ဝတ်ရုံစတွေက သိပ်ကြည့်လို့ကောင်းတယ်။

~~~~~~~~~~

" ညီမလေး ... ညီမလေး "

နန်းဆောင်ထဲ အပြေးတပိုင်းနှင့် ဝင်လာသည့် မိန်းကလေးကြောင့် လီယွမ် လှဲနေရာက ထလိုက်သည်။ သူ့နောက်တွင် အခြွေရံတွေလဲပါလာသေးသည်။

" ညီမလေး ... နေရတာ သက်သာရဲ့လားဟင် ဘယ်လိုနေသေးလဲ ... "

ထိုမိန်းကလေးက ကုတင်ပေါ်တွင် ဝင်ထိုင်ကာ လီယွမ့်လက်များကို ကိုင်ပြီး ဂရုတစိုက်မေးသည်။

Gentle & Cruel : Empress Li Yuan Where stories live. Discover now