5

414 41 16
                                    

(5)

" မမ "

လီယွမ်သည် လင်းရှီးစဲ့အား မြင်သည်နှင့် ခြေဖဝါးနှင့် မြေကြီးမထိတော့သည်အထိ လျှင်မြန်စွာပြေးကာ အနားရောက်အောင်သွားလိုက်လေသည်။

" ဘာလို့ပြေးလာတာလဲ ညီမလေး ချော်လဲတော့မှာပဲ "

" မမ ကျွန်မကို စိတ်ဆိုးနေရင် တောင်းပန်ပါတယ် "

" မမ ညီမလေးကို စိတ်ဆိုးတာမဟုတ်ပါဘူး "

လင်းရှီးစဲ့က ပြုံးပြီးပြောမှ လီယွမ် သက်ပြင်းချနိုင်လေသည်။ မနေ့ညတည်းက အစ်မရှီးစဲ့ စိတ်ဆိုးသွားမှာကိုကြောက်ပြီး ညအိပ်လို့တောင် မပျော်ခဲ့တာဖြစ်သည်။ အခုမှ စိတ်ပူနေတာတွေလျော့ပြီး လီယွမ့်မှာ ပြုံးနိုင်တော့သည်။

" အမယ် ဘာတွေပြုံးနေတာလဲ ပြောစမ်း "

" ဟင့်အင်း မမ စိတ်မဆိုးဘူးမို့ ဝမ်းသာလို့ "

" မဆိုးပါဘူးကွယ် ... မမက ဘာလို့ ညီမလေးကို စိတ်ဆိုးရမှာလဲ ... ညီမလေးက ဘာအပြစ်မှအလုပ်ထားတာ ... အမှန်ဆို မမက ညီမလေးကိုတောင်းပန်ရမှာပါ၊ ညီမလေးရဲ့ ခမည်းတော် ဆုံးပါးတဲ့ အကြောင်းကို ကြားပြီး ဝမ်းနည်းနေတဲ့အချိန်မှာ မမက နှစ်သိမ့်ပေးရမှာကို ​ညီမလေးကို ထားပြီး ထွက်လာခဲ့မိတယ် "

" ကျွန်မ မမနောက် ပြေးလိုက်လာတာ ... ဒါပေမယ့် မမကိုလဲ မတွေ့ဘူး နန်းဆောင်လဲ မပြန်တတ်တော့ဘူး ဘယ်တွေရောက်သွားမှန်းတောင် မသိဘူး အရှင်မကိုတွေ့တော့မှ... "

ပြောရင်း လီယွမ်က ရပ်သွားလေသည်။

" အရှင်မနဲ့ တွေ့သွားတာလား အရှင်မက ညဘက်ဆို ဒီဘက်ကိုသိပ်မလာပါဘူး ... မဟုတ်မှ ညီမလေး အရှေ့နန်းဆောင်အထိ ရောက်သွားတာလား "

" အရှေ့နန်းဆောင် "

" အင်းလေ "

မနေ့ညက အရှင်မပြောတဲ့ စကားတွေကို ပြန်သတိရမိပြီး လီယွမ့်မျက်နှာမှာ မဲ့သွားတော့သည်။ 'အရှေ့နန်းဆောင်ကို ဘယ်သူလာခိုင်းလို့လဲ လာချင်တိုင်းလာလို့မရဘူး' လို့ ​အရှင်မပြောတာကို တွေးမိသွားသည်။

" မမ အရှင်မက ကျွန်မကို အော်ထုတ်တယ် "

" ဟင် "

Gentle & Cruel : Empress Li Yuan Where stories live. Discover now