12

274 26 10
                                    

(12)

" လီပြည်ပြန်ပို့လိုက်ပါ အရှင်မ "

တစ်သံတည်းထွက်လာကြသော အမတ်တွေ၏ စကားသံများကြောင့် ဟန်ကျင်းယုံ စိတ်အလိုမကျဖြစ်မိသည်။ ငတုံးတွေ။ ဒီထက်ပိုကောင်းတဲ့ အကြံဥာဏ် သူတို့မှာ မရှိတော့ဘူးလား။

" ဒါဆို ငါတို့က လီပြည်ကို ထပ်ရှုံးသွားမှာပေါ့ လီယဲ့ဟွမ် တောင်းဆိုတာကိုလဲ လက်ခံလိုက်ရပြီးပြီလေ "

" ဟုတ်ပါတယ် အရှင်မ ဒါပေမယ့် လီဘုရင်က လီမင်းသမီးကို အလိုမရှိတာ အကုန်လုံး သိကြပါတယ်၊ လီမင်းသမီးကို ပြန်ပို့သည် မပို့သည်က သူ့အတွက် အရေးမပါသလို ကျွန်တော်တို့အတွက်လဲတူတူပါပဲ ... သက်သက်မဲ့ မဖြစ်သင့်တဲ့ အန္တရာယ်တွေ ဖြစ်လာမှာပဲ စိုးရိမ်ပါတယ် "

" ဟုတ်ပါတယ် အရှင်မ ... လီမင်းသမီး ရှိနေရင် လီဘုရင်က လီလင်းဟန်ကို ထပ်လွှတ်ပြီး အကြံဖန်လုပ်နိုင်ပါတယ် "

" လီမင်းသမီး လီယွမ်ကို အခုချက်ချင်း ပြန်ပို့သင့်ပါတယ် "

အမတ်တွေ၏ ဝိုင်းဝန်း​တင်ပြမှုကြောင့် ဟန်ကျင်းယုံရဲ့ မျက်ခုံးတန်းတွေ တွန့်ချိုးလို့နေသည်။ သူမကတော့ သဘောမကျပါလေ။ ဒီထက့် ပိုကောင်းတာကို ကြံရမှာပေါ့။ သူမအနေတဲ့ တူမဖြစ်သူကို ဆုံးရှုံးထားရတာ။ လီပြည်ကို နည်းနည်းလေးမှ အသာမပေးနိုင်။

" တောက် !! "

ဟန်အိုက်အကြောင်း စဥ်းစားမိတာနဲ့ အရှင်မရဲ့ ဒေါသမီးတောက်တို့ တောက်လောင်လာပြီမို့ အားလုံး ငြိမ်သက်သွားကြသည်။

" ညီလာခံ သိမ်းမယ် "

စကားဆုံးတာနဲ့ ဝတ်ရုံတော် တလွှားလွှားနှင့် ခန်းမထဲက ထွက်သွားတဲ့ အရှင်မအား အားလုံး ငေးမောရင်း ကျန်ခဲ့ရသည်။

~~~~~~~~~~~~

" မင်းရော ဘယ်လိုထင်လဲ ကိုယ်ရံတော်.မင် "

တစ်ခါတစ်လေမှာ အရှင်မက တိုင်းရေးပြည်ရေးကိစ္စတွေကို ကိုယ်ရံတော်.မင်ကို မေးလေ့ရှိသည်။
ကိုယ်ရံတော်.မင်က တည်တံ့သော ယောင်္ကျားတစ်ဦးဖြစ်ကာ အရှင်မကို ကာကွယ်ရမယ့် သူ့တာဝန်ကလွဲရင် ကျန်တာ ဝင်မပါတတ်ပေမယ့် အရှင်မနောက် အမြဲလိုက်နေရသူမို့ အသေးစိတ်မှန်သမျှ သိသည်။ သူပေးသည့် တစ်ချို့အကြံဥာဏ်တွေက ဟန်ကျင်းယုံအတွက် အသုံးဝင်ခဲ့ဖူးသည်။ ထို့ကြောင့် ယခုလည်း သူ့ကို မေးလိုက်သည်။

Gentle & Cruel : Empress Li Yuan Where stories live. Discover now