3

477 44 21
                                    

(3)

" စစ်သူကြီး.ရှင်း က မိန်းကလေးတစ်ယောက် ဖြစ်ပါလျက်နဲ့တောင် သိပ်ကြည့်လို့ကောင်းတယ် ... ဟန်ပြည်မှာ အရှင်မပြီးရင် စစ်သူကြီး.ရှင်းက အတော်ဆုံး အထက်မြက်ဆုံးပဲ မိန်းကလေးတွေ တော်တော်များများကတောင် သူ့ကို အားကျပြီး သဘောကျကြတယ် "

လင်းရှီးစဲ့က စစ်သူကြီး.ရှင်းအား ချီးမွှမ်းခန်းဖွင့်နေသော်လဲ လီယွမ့်အတွေးထဲတွင်ရှိနေသော အစ်မလျန်ယင်းတို့သေဆုံးသွားသည့် ဝမ်းနည်းမှုကိုတော့ ကျော်လွန်၍ စိတ်ဝင်စားမှုမရနိုင်ပါ။
အခုဆိုရင် ဒီကမ္ဘာပေါ်မှာ အစ်လျန်ယင်းနဲ့ အစ်မဝေ့ယီဆိုတာ မရှိတော့ပေ။ သူတို့နှစ်ယောက်လုံး သေသွားပြီ။ လီယွမ့်အတွက်တော့ ဖြေဆည်ရခက်တဲ့ ကိစ္စပဲ။

" ညီမလေး ... တွေးနေပြန်ပြီ ဟိုမိန်းမနှစ်ယောက်အကြောင်း ... သူတို့က ရာဇဝတ်သားတွေလေ မကောင်းတာလုပ်လို့ သေဒဏ်ပေးခံရတဲ့လူတွေ ... အဲ့လိုမိန်းမတွေအတွက်နဲ့များ ဘာလို့ ဝမ်းနည်းနေသေးတာလဲ "

လင်းရှီးစဲ့ စကားတွေက လီယွမ့်နားထဲ ကန့်လန့်ဆန်စွာဝင်ရောက်လာသည်။ သို့ပေမယ့် လီယွမ် ဘာမှပြန်မပြောမိတော့။ သူပြောတာလဲ မှားနေတာမှမဟုတ်တာ။ အစ်မလျန်ယင်းတို့က သူမကို လိမ်ခဲ့တဲ့လူတွေပဲ။ လိမ်ခဲ့တာ။ ပက်ပက်စက်စက် ၇နှစ်ကြီးများတောင် လိမ်ခဲ့တာ။

အဲ့ဒီနှစ်တွေအတွင်း သူတို့အပေါ်ယုံကြည်ပြီး နေခဲ့ပေမယ့် တကယ်တော့ သူတို့က အရှင်မကို လက်စားချေချင်လို့ သူမကို ပြန်ပေးဆွဲအသုံးချတဲ့လူတွေ။ လူလိမ်တွေ။

ဒါပေမယ့် အနည်းဆုံးတော့ သူတို့ သူမကို တကယ်ချစ်ခင်ပေးခဲ့တယ်လို့ ထင်သည်။
ဟုတ်ပါတယ်။ ထင်တာပါပဲ။ သူမဘက်က အထင်အမြင်သက်သက်ပါ။

" သခင်မလေး ညစာ သုံးဆောင်လို့ ရပါပြီရှင့် "

အတွေးများနေ၍ လင်းရှီးစဲ့ ဘယ်တုန်းက ပြန်သွားလဲပင်မသိလိုက်။ ယဲ့ကျီ ပြင်ဆင်ထားပေးသည့် စားပွဲတွင်ဝင်ထိုင်ပြီး သူ့ကို မေးလိုက်သည်။

" အစ်မ ရှီးစဲ့ရော ပြန်သွားပါပြီလား "

" ကိုယ်လုပ်တော်.လင်းက ပြန်သွားပါပြီရှင့် "

Gentle & Cruel : Empress Li Yuan Where stories live. Discover now