24

211 26 1
                                    

(24)

" အဟင့် ငါ့ဆံထိုး .... "

လီယွမ်က နန်းဆောင်အတွင်းရှိ ထောင့်တစ်ထောင့်တွင် ခပ်ကျုုံကျုံ့ထိုင်ကာ ငိုနေသဖြင့် ယဲ့ကျီလည်း ဘာလုပ်ရမှန်းမသိတော့ပေ။

" တောင်းပန်ပါတယ် သခင်မလေး ယဲ့ကျီကို အပြစ်ပေးပါ ... ယဲ့ကျီ အသုံးမကျလို့ပါ
အဲ့ဆံထိုးကို သိမ်းထားပေးဖို့ လမ်းခရီးမှာ သခင်မလေးက မှာခဲ့ပေမယ့် ကျွန်မ ဒီကို ပြန်လာတဲ့အချိန်မှာ လုံးဝရှာမတွေ့တော့ပါဘူး ... သခင်မလေးကို အသိပေးချင်ပေမယ့် သခင်မလေးက ဟွမ်ပြည်က ပြန်ရောက်လာပြီး စိတ်ညစ်နေတာမို့ ထပ်ပြီးစိတ်ဆင်းရဲမှာစိုးလို့ မပြောခဲ့တာပါ ... ဟန်မင်းသမီး ကိစ္စနဲ့ ပတ်သတ်နေမှန်း ယဲ့ကျီ မသိပါဘူး သခင်မလေး "

" ငါတောင် မသိတာ ဒါတော့ နင်လဲ မသိဘူးဆိုတာ နားလည်ပါတယ် ငါက နှမြောလို့ပါ မမလင်းဟန်က ငါ့ကိုလာပေးထားတာ၊ မယ်တော့်ပစ္စည်းမို့လို့လေ ငါက သေချာထိန်းသိမ်းသင့်တာ .... အခုတော့ တစစီကြေမွကုန်ပြီ "

မျက်လုံးထဲမှာလည်း အရှင်မက ရက်ရက်စက်စက် နင်းချေနေပုံကိုမြင်ပြီး မကျေနပ်လျက်ပင်။ အရှင်မက တော်တော် စဥ်းစားရခက်သည်။ ဟန်အိုက်ကြောင့် သက်မဲ့ပစ္စည်းကိုတောင်ဖျက်စီးပစ်ခဲ့တာ သူ့ကို သတ်ခဲ့တယ်လို့ သံသယရှိနေတဲ့ မမလင်းဟန်ကိုတွေ့ရင် ဘယ်လိုများလုပ်ပစ်မလဲမသိဘူး။
မရဘူး။ သူမ အဲ့လိုအဖြစ်မခံနိုင်ဘူး။ မမလင်းဟန်ကိုရှာပြီး အပြစ်ကင်းကြောင်းဖော်ထုတ်ပေးရမယ်။

သို့ပေမယ့်။ မတော်တဆ။ မဟုတ်မှ ...
ဦးရီးတော်လီယဲ့ယွမ်က အတင်းခိုင်းလို့ မမလင်းဟန်က လုပ်ခဲ့တာဆိုရင်ရော။

" ဟင့်အင်း ဟင့်အင်း "

လီယွမ် ခေါင်းကို ခါထုတ်ရင်း ထိုအတွေးကို ငြင်းဆန်မိသည်။ ဘယ်လိုမှမဖြစ်နိုင်ဘူး။ မမလင်းဟန်က သူမထက်တောင် သိမ်မွေ့တာ။ လူတစ်ယောက်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သူမယုံသည်။

ထို့အပြင် လက်နက်ကလည်း ဆံထိုးတဲ့လေ။ လီယွမ့်ရဲ့ ဆံထိုး။ ဒါက လုံးဝမဖြစ်နိုင်တာပဲ။
တစ်ခုခုတော့ ထူးဆန်းလွန်းတယ်။

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

Gentle & Cruel : Empress Li Yuan Where stories live. Discover now