4

454 46 1
                                    

(4)

" အရှင်မ ! "

အရှင်မကို မြင်သည်နှင့် နှစ်ယောက်သားထရပ်လိုက်မိကြပြီး အရိုအသေပေးလိုက်ရသည်။
အရှင်မက မျက်နှာထားတင်းတင်းနှင့် လီယွမ့်ကို စိုက်ကြည့်နေသည်မို့ လီယွမ် ကြောက်ရွံ့လာမိသည်။

" ငါ့အကြောင်းပြောနေကြတာ တော်တော်မှ စိတ်ဝင်စားစရာကောင်းရဲ့လား "

အရှင်မက လီယွမ့်ကိုပဲ ဦးတည်ပြီးပြောတာပေမယ့် လီယွမ်က ကြောက်ရွံ့နေတာမို့ လင်းရှီးစဲ့က ကြားထဲကနေ ဝင်ဖြေပေးရသည်။

" ညီမလေးက အရှင်မကို ကြောက်ကြောင်းပဲပြောတာပါ အရှင်မ "

အရှင်မသည် လင်းရှီးစဲ့၏ စကားကြောင့် မျက်ခုံးများပင့်သွားလျက် လီယွမ်မှာလဲ ​ပိုလို့တောင် ကြောက်ရွံ့မိသွားသည်။

" ဟုတ်လား လီယွမ် "

" ရှင် .... ဟုတ် .... ဟုတ်ကဲ့ပါ "

" အရှင်မ ညီမလေးပြောတာ မမှားပါဘူး အရှင်မကို မကြောက်တဲ့လူဆိုလို့လဲ ရှိတာမှမဟုတ်တာ ... အရှင်မ အနေနဲ့ ဗွေမယူဖို့ တောင်းဆိုပါတယ် "

" အပြစ်လုပ်မထားဘဲ ငါ့ကိုကြောက်နေစရာမလိုဘူး ... မင်းကိုပြောနေတာ လီယွမ် ! "

" ရှင် ဟုတ်ကဲ့ပါ အရှင်မ "

" ပြီးတော့ ကိုယ်လုပ်တော်.လင်း ... "

" အမိန့်ရှိပါ အရှင်မ "

" လီယွမ့်ကို သင်ပေးသင့်တာတွေ သင်ပေးလိုက်ပါ ... အခုလို ကြည့်ရှုပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် "

အရှင်မဆီမှ ကျေးဇူးတင်ခြင်းခံရ၍ လင်းရှီးစဲ့မှာ ပျော်လွန်း၍ ပြုံးသွားမိတော့သည်။

" ဟုတ်ကဲ့ပါ အရှင်မ ညီမလေးကို ကျွန် သေချာစောင့်ရှောက်ပေးမှာပါ "

" ကောင်းပြီ ဒါဆိုလဲ လုပ်နေတာ
ဆက်လုပ်ကြပါ ငါသွားတော့မယ် "

အရှင်မ ထွက်သွားသည်အထိ ပြုံးနေသော လင်းရှီးစဲ့ကို ကြည့်ရင်း လီယွမ့် စိတ်ထဲ အမျိုးမည်မသိသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

" အစ်မရှီးစဲ့က အရှင်မရဲ့ ကိုယ်လုပ်တော်မလား"

" အော် ... အင်း ဟုတ်တယ် ကိုယ်လုပ်တော်ဆိုတာ ဘာမှန်း ညီမလေး သိတယ်မဟုတ်လား "

Gentle & Cruel : Empress Li Yuan Where stories live. Discover now