14

197 23 0
                                    


(14)

" အရှင်မ "

" ..... "

" အရှင်မ ခဏနေပါဦး "

" ....... "

" ကျွန်မ ပြောစရာရှိလို့ပါ အရှင်မ "

ရှေ့က ခပ်မြန်မြန်လျှောက်နေသော အရှင်မနောက်သို့ လင်းရှီးစဲ့မှာ အလျင်မီအောင်ပြေးလိုက်နေရသည်။ သူမ အရှင်မကို တွေ့ချင်လို့ လိုက်ရှာနေရင်း ဟန်အိုက်နန်းဆောင်ရှေ့မှာ တွေ့တော့ အရှင်မက ဘာမှမပြောဘဲ ထွက်သွားတာမို့ နောက်က လိုက်နေရသည်။

" အရှင်မ "

ဒီတိုင်းဆက်လိုက်နေရင် မှီတော့မှာမဟုတ်ကြောင်းသိ၍ အားကုန်ပြေး၍ အရှင်မ ရှေ့တွင် ပိတ်ရပ်လိုက်လေသည်။

" မင်းက ရာရာစစ ငါအရှင်မ ရှေ့ကိုပိတ်ရပ်ရဲတယ်လား "

အရှင်မက ရုတ်တရက်အော်လိုက်၍ လင်းရှီးစဲ့မှာ ဒူးထောက်ချလိုက်ရသည်။

" တောင်းပန်ပါတယ် အရှင်မ ခွင့်လွှတ်ပေးပါ
ကျွန်မ... "

" ဖယ်စမ်း ! "

" တောင်းပန်ပါတယ် အရှင်မ ... ကျွန်မ ရိုင်းပြမိရင် ခွင့်လွှတ်ပါ ဒါပေမယ့် အရှင်မက ကျွန်မကို လျစ်လျူထားတယ်မဟုတ်လား "

" မင်းက ဘာမို့လို့လဲ ငါကမင်းကို အရေးလုပ်ရအောင် "

" ကျွန်မက အရှင်မရဲ့ ကိုယ်လုပ်တော်ပါ "

" အဟက် အဲ့တော့ သိပ်ကိုအဆင့်မြင့်နေတယ် ထင်နေတာလား "

အရှင်မက ခြေလှမ်းအနည်းငယ် ရှေ့တိုး၍ လင်းရှီးစဲ့အား လှောင်​ပြုံးဖြင့် ငုံ့မိုးကြည့်လာတော့သည်။

" ဒါပေမယ့် အရှင်မ ကျွန်မက အရှင်မရဲ့ တစ်ဦးတည်းသော ကိုယ်လုပ်တော်ပါ "

" ဘာရယ် ... တစ်ဦးတည်းသော ကိုယ်လုပ်တော်! မင်းက ကိုယ်လုပ်တော်ဖြစ်နေတာတောင် ကိုယ့်အဆင့်ကိုယ်မသိဘူးပဲ "

" အရှင်မ ... ဘာလို့လဲ ကျွန်မကိုဘာလို့ ဒီလိုဆက်ဆံရတာလဲ "

" ငါမင်းကို ဘယ်လိုဆက်ဆံခဲ့လို့လဲ
မင်းဘာသာ ငါ့ကိုမျိုးစုံလာပြောနေတာ မဟုတ်ဘူးလား "

" ကျွန်မကို ဆက်ဆံတာက လီယွမ့်ကို ဆက်ဆံတာလောက်တောင် နွေးထွေးမှုမရှိခဲ့ပါဘူး ... ကျွန်မ ဒီနန်းတော်ထဲရောက်လာတည်းက အရှင်မက ကျွန်မကို တစ်ချက်တောင် မကြည့်ခဲ့ဘူးမဟုတ်လား၊ လီယွမ်နားမလာခင်ထိလေ ... "

Gentle & Cruel : Empress Li Yuan Where stories live. Discover now