17

180 21 2
                                    

(17)

" ကျွန်မ ဘာဆက်လုပ်ရမလဲ အစ်မချူယီ "

" လောလောဆယ်တော့ ငါနဲ့ နန်းမြို့တော်ကို လိုက်ခဲ့ပေါ့ "

" အစ်မ ချူယီက နန်းမြို့တော်မှာ
နေတာလား "

" အင်း ဟုတ်တယ် ! "

ချူယီက သစ်သီးတွေကို ချောင်းရေ၌ ဆေးပေးရင်းပြောသည်။

" ရော့ ဒါက ချိုတယ် ဒါစား "

လီယွမ် သူကမ်းပေးသော သစ်သီးများကို ကိုက်စားလိုက်မှ ဗိုက်အတော်ဆာနေပြီမှန်း သိတော့သည်။

" မြန်မြန်စား ပြီးရင် ငါတို့သွားရအောင်
ငါ့ကောင်ကြီးနဲ့သာဆိုရင် မြို့တော်ထဲ ဒီညနေလောက်တောင်ရောက်တယ် "

မြင်းနက်ကြီးကို မေးငေါ့ပြရင်း ပြောတော့ လီယွမ် သဘောတကျကြည့်မိသည်။

" နင်က ဟန်ပြည်ကို အပို့ခံခဲ့ရတာမလား "

" ဟုတ်ပါတယ် "

" ဟိုမှာ နင့်ကို ဘယ်လိုဆက်ဆံကြလဲ
အော် မေ့လို့ နင်က ၇နှစ်လောက် ပြန်ပေးဆွဲခံရတာနော် ... အဲ့ဒါကြောင့်လဲ အရှေ့ပြည်ထောင်စုမှာ အင်းအားအကြီးဆုံးဟန်ပြည်က လူတွေရဲ့ အပြောအဆိုတော်တော်ခံခဲ့ရပြီး အင်အားနည်းသွားတာ "

" အစ်မချူယီက ဘယ်လိုများ အကုန်သိနေရတာလဲ "

" ငါက ဒီလိုပဲ လျှောက်သွားနေတာလေ ...
ဟန်ပြည်ထဲလဲ ရောက်ဖူးတယ် "

" လီပြည်ကိုရော "

" လီပြည်ကိုက ခဏခဏ သွားနေကြပဲ
လီပြည်နဲ့ ဟွမ်ပြည်က မဟာမိတ်တွေလေ
အေးဆေးသွားလာလို့ရတယ် ဟန်ပြည်နဲ့ကျတော့ သွားလာရတာ ခက်ခဲတယ် အစစ်ဆေးများတယ် "

" ကျွန်မ ဘဝက စိတ်ပျက်စရာကြီးပါ ... "

" ငါနင့်အကြောင်းတွေသိပါတယ် နင်အဲ့လောက်ကြီး စိတ်ပျက်နေစရာမလိုပါဘူး
ငါ့ဘဝဆို နင့်ထက် အများကြီးဆိုးရွားတယ် နင်သာငါ့နေရာမှာဆို အဆုံးစီရင်သွားလောက်တယ် လီယွမ် "

" အစ်မချူယီရော ပြသနာတွေအများကြီး ကြုံရတာလား "

" ငါကိုက ပြသနာလေ ... ​အဲ့တော့ ပြောမနေပါနဲ့တော့ "

Gentle & Cruel : Empress Li Yuan Where stories live. Discover now