11

212 27 0
                                    

(11)

သတိလစ်သွားတဲ့ လီယွမ့်ကို မြင်တော့မှ ဟန်ကျင်းယုံရဲ့ ဒေါသတွေ ပျောက်ချင်းမလှပျောက်သွားခဲ့ရပြီး စိတ်ပူပန်မှုသာ အစားထိုးဝင်ရောက်လာသည်။

" လီယွမ် ! လီယွမ် !!
ကိုယ်ရံတော်.မင်! အစောင့်တွေ !အပြင်မှာရှိလား ! အခုချက်ချင်း သံကြိုးတွေလာ​ဖြည်ပေးစမ်း "

အပြင်က လူတွေ ဝင်ရောက်လာပြီး လီယွမ့်လက်နှင့်ခြေမှာ ချည်နှောင်ထားတဲ့ သံကြိုးတွေကို ​ဖြည်ပေးလိုက်သည်နှင့် လီယွမ့်ကို ပွေ့ချီကာ အကျဥ်းခန်းမှ ပြေးထွက်လာတော့သည်။ ကိုယ်ရံတော့်.မင် ကအနောက်မှပြေးလိုက်လာသည်။

" အရှင်မ ! "

" အခုချက်ချင်း သမားတော်သွားခေါ်လိုက် "

" ဟုတ်ကဲ့ပါ့ အရှင်မ "

ကိုယ်ရံတော်.မင်က ချက်ချင်းလှည့်ထွက်ကာ ပြေးသွားတော့သည်။

ဟန်ကျင်းယုံလည်း မရပ်မနားပြေးလာခဲ့သော ခြေလှမ်းတွေက သူမ နန်းဆောင်ရှေ့ရောက်နေမှန်းသိမှ တုံ့ခနဲရပ်သွားတော့သည်။ လီယွမ့်နန်းဆောင်သွားတယ်လို့ပဲထင်ပေမယ့် တကယ်တော့ သူမ နန်းဆောင်ကိုရောက်လာခဲ့သည်။

သို့သော် ဟိုကို ပြန်ခေါ်သွားဖို့ မတွေးတော့ပါ။
အရှေ့နန်းဆောင်ကနေ အနောက်နန်းဆောင်အထိ သွားတဲ့အချိန်တွေက ကြာရှည်နေဦးမည်။

ဟန်ကျင်းယုံ မြန်မြန်ဆန်ဆန်သာ အထဲသို့ဝင်လိုက်ပြီး လီယွမ့်ကို သူမ အိပ်ရာပေါ်တင်ပေးလိုက်သည်။ ဖြူဖျော့စွာသတိမေ့နေတဲ့ လီယွမ့်ကိုကြည့်ရင်း စိတ်ညစ်မိသည်။ ထို့နောက် ပြန်ထိုင်ချကာ လီယွမ့် ကျောအောက်မှ လက်လျှိုသွင်း၍ ဆွဲပွေ့လိုက်တော့ သူမ ရင်ခွင်ထဲ အလိုက်သင့်ရောက်လာတော့သည်။ လက်မှာပေသွားသော စိုစွတ်စွတ် အရာက သွေးတွေမှန်းသိတော့ ပိုပြီးစိတ်ညစ်မိသည်။

" ကျစ် ! "

လီယွမ့် ဝတ်စုံက တစ်လွှာတည်းရှိတဲ့ ခပ်ပါးပါးမို့ တစ်ချက်ဆောင့်ဆွဲရုံနှင့် ပြဲသွားတော့သည်။
ကျောပြင်တစ်ခုလုံး သွေးတွေဖြင့် နီရဲနေတာမြင်တော့ မျက်လုံးတွေ မှိတ်ချမိခြင်းနှင့်အတူ ရင်ထဲမှာလဲ ​ဗြောင်းဆန်နေတော့သည်။

Gentle & Cruel : Empress Li Yuan Where stories live. Discover now