22

252 22 6
                                    

(22)

ယဲ့ကျီက လီယွမ့်ဆံနွယ်တွေကို ထုံးဖွဲ့ပေးနေသည်။ အခြားကောင်မလေးနှစ်ယောက်က မျက်နှာချေမှုန့်လိမ်းပေးသူကလိမ်းပေး လက်ဝတ်ရတနာတွေ ဝတ်ပေးသူက ဝတ်ပေးနှင့် အလုပ်များနေကြသည်။ ကြေးမုံထဲမှ မိမိပုံစံအား မယုံနိုင်အောင်ဖြစ်ရသည်။

အနီရဲရဲ သတို့သမီးတစ်ယောက်မဟုတ်ပါလား။ သူမ သတို့သမီးတစ်ယောက်ဖြစ်သွားပြီပေါ့။ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ဖို့အတွက်တဲ့လေ။

အရှင်မရဲ့ တစ်ချက်လွှတ်အမိန့်မှာ အားလုံးက ကြင်ယာတော်မြောက်ပွဲအတွက် ပြင်ဆင်နေကြသည်။ လီယွမ့်အဖို့ ဘာမျှပင်မပြောနိုင်ချေ။ အရှင်မရဲ့ ကြင်ယာတော်ဖြစ်လာတော့မည်။ အစ်မရှီးစဲ့လိုမျိုးဖြစ်လာမှာထင်တယ်။
ဒါပေမယ့် ဒီကိစ္စကို အစ်မရှီးစဲ့က သိရင် စိတ်ဆိုးမလားမသိဘူး။ အစ်မရှီးစဲ့က သူမကို အမြင်မကြည်တော့မှန်း သူမသိပါသည်။ သူမ ဘာအပြစ်လုပ်ထားမိမှန်းသာ မသိတာ။

" သခင်မလေး .... ပြီးပါပြီ "

" ယဲ့ကျီ ... ငါ ဘာဆက်ဖြစ်လာမှာလဲဟင် "

" ရှင် .... အော် သခင်မလေးက အရှင်မရဲ့ ကြင်ယာတော်ဖြစ်လာမှာပါ "

" တကယ်ပဲ အမျိုးသမီးတစ်ယောက်ရဲ့ ကြင်ယာတော်ဖြစ်လို့ရတာလား "

" ရှင် သခင်မလေး ! အရှင်မက မြင့်မြတ်လှပါတယ် အရှင်မကို မိန်းကလေးတိုင်းက သဘောကျတာပါ သခင်မလေး ကံကောင်းပါတယ် ... "

" ဒါပေမယ့် ငါ့စိတ်ထဲလေးလံနေတယ် "

" သခင်မလေး စိတ်လှုပ်ရှားနေလို့ ဖြစ်မှာပါ ... အခုဆို သခင်မလေးက ရူဟွေ့ကြင်ယာတော် ဖြစ်လာတော့မှာ ယဲ့ကျီလဲ အခေါ်ဝေါ်ပြောင်းသင့်ပါတယ် "

" ဟင့်အင်း ယဲ့ကျိီ နင်အဆင်ပြေသလိုခေါ် "

" ဟုတ်ကဲ့ပါ သခင်မလေး "

လီယွမ်သည် လေးလံလှသော ခေါင်းပေါ်မှ အဆင်တန်ဆာများ၊ အလွှာအထပ်ထပ်ဝတ်ဆင်ထားရသော ဝတ်စုံများအပေါ် အသားမကျဖြစ်မိတော့သည်။ ဟွမ်အိမ်တော်က ထွက်ပြေးတုန်းက သာမန်အညတရ မိန်းကလေးအဖြစ်သာ တစ်သက်လုံးနေရတော့မယ်လို့တွေးခဲ့မိသည်။ အခုလို ရုတ်ချည်း နန်းတော်မှာ ကြင်ယာတော်ဖြစ်လာရမယ်လို့ မတွေ့ခဲ့မိပါ။
.
.
.
.
.
.
" လင်းရှီးစဲ့သည် မြင်နေရသော မြင်ကွင်းအား သည်းမခံနိုင်တော့ပြီဖြစ်၍ ခြေလှမ်းပြင်းများဖြင့် အထဲသို့ ဝင်သွားမိတော့သည်။

Gentle & Cruel : Empress Li Yuan Where stories live. Discover now