19

180 25 6
                                    

(19)

" အား ဒေါသထွက်လိုက်တာနော် ... သူတို့က သမီးတို့ကို ဖျက်စီးပစ်မယ်လို့ ပြောတယ် အဘွားရဲ့  !! "

ဟွမ်ချူယီက ဒေါသတကြီးအော်ဟစ်နေသည်။ မုသခင်မကြီးနဲ့ အဒေါ်ရှန်းတို့ အဒေါ်ချန်တို့သည် စိတ်လျှော့ဖို့ ဝိုင်းဖျောင်းဖျသော်လဲမရ။

" ချူယီ မင်းဟာလေ ... ဘာလို့ သူတို့ပြောသမျှ လိုက်ခံစားနေတာလဲ ... သူက မင်းကိုမုန်းနေလို့ လျှောက်ပြောတာပဲ ! အခုကရော ဘယ်သူက ပြောတာလဲ သေချာပြောစမ်း "

" အငယ်ဆုံးနှစ်ကောင်ပေါ့ ... အဲ့ကောင်နဲ့ ကောင်မ က သမီးကိုပြောတယ် နင်တို့ ဒုက္ခရောက်မှာတဲ့ "

" သူတို့က အသက်တောင်မပြည့်သေးတဲ့ ကလေးတွေပဲ လူကြီးတွေပြောတာကြားပြီး လျှောက်ပြောနေတာနေမှာပေါ့ မင်းက ဘာလို့  ဒေါသဖြစ်နေရတာလဲ ချူယီရယ် အဲ့အယုတ်တမာတွေကို လွှတ်ထားလိုက်စမ်းပါ "

ဟွမ်ချူယီက တကယ်ဒေါသဖြစ်ကာ ရှုးရှုးရှဲရှဲဖြစ်နေသည်။

" အား မသိဘူး မသိဘူး ! သူတို့ကို တစ်ခုခုလုပ်ပစ်ချင်တယ် "

" မိဖုရားကြီးကိုရော တွေ့ခဲ့လား "

" တွေ့ခဲ့တယ် ... သမီးကို မုန်းတီးနေတဲ့ အကြည့်တွေက မပြောင်းလဲသေးဘူး ... တခြားပြည်ကလူတွေကလဲ သမီးကို အထူးအဆန်းလိုကို ကြည့်နေတာ ဒီအချိန်ထိ အသက်ရှင်နေသေးတာပဲဆိုပြီး "

ဟွမ်ချူယိီပြောတာတွေကို ကြားပြီး ဘယ်သူမှ စိတ်မချမ်းသာရပါ။ လီယွမ်လဲ စိတ်မကောင်းဖြစ်မိသည်။

" ငါနင့်ကို ပြောစရာရှိတယ် ပိုင်ဟွား "

ချူယီက လက်ကိုဆွဲပြီး သူ့အဆောင်ဆီခေါ်လာသည်။

" လီယွမ် ... ငါ လီဘုရင်ကိုလဲ တွေ့ခဲ့တယ် "

" ဟင် ဟုတ်လား ... "

လီယွမ်မှ လန့်ပြီး မျက်မှောင်ကျုတ်မိတော့ ချူယီက လက်ကာပြရင်း ထပ်ပြောလာသည်။

" နင့်ကိစ္စကိုလေ ဟွမ်အရှင်က မိဖုရားကြီး လက်ချက်လို့ပဲထင်နေတာ ... အဲ့တော့ လီဘုရင်လဲ အဲ့လိုပဲ သိထားတာဖြစ်မယ် "

Gentle & Cruel : Empress Li Yuan Where stories live. Discover now