23

195 24 5
                                    

(23)

သေရည်ကို မော့သောက်ပြီးနောက် ဘူးကို ခပ်ခပ်ဝေးဝေးသို့ပစ်ထုတ်လိုက်သော အရှင်မကို ကြည့်ရင်း ရှင်းရွှယ်ချန်မှာ စိတ်ညစ်ရသည်။ အရှင်မက အနည်းငယ် မူးဝေနေပုံရပြီး စိတ်ရှုပ်နေဆဲဖြစ်ကြောင်းလဲ သတိထားမိသည်။ အနားသို့သွားပြီး စိတ်လျော့လိုလျော့ငြား စကားပြောပေးချင်ပါသော်လဲ ပိုဆိုးအောင် လုပ်နေမိမှာလဲ စိုးမိသည်။

ဟန်အိုက်သေဆုံးအမှုကြောင်းကို ပြန်ပြောတိုင်း အရှင်မက ဒေါသဖြစ်လာတတ်ပြီး အခုလိုပဲသေရည်တွေသောက်နေတတ်သည်။ အထူးသဖြင့် လီလင်းဟန်က သတ်လိုက်တာကြောင့်လေ။ လီပြည်ကလူက ဟန်ပြည်ထဲထိဝင်လာနိုင်ပြီး သတ်ခဲ့တာဖြစ်ပြီး အဲ့လို မိန်းကလေးတစ်ယောက်ကိုတောင် ရှာမတွေ့နိုင်တဲ့အတွက် အရှင်မက ခံပြင်းဒေါသဖြစ်နေတာဖြစ်သည်။

ဟန်အိုက်သေဆုံးပြီးပြီးချင်းပဲ လက်ရွေးစင် ကိုယ်ရံတော်တပ်ဖွဲ့တွေကို ဟန်ပြည်ထဲရော၊ လီပြည်၊ ဟွမ်ပြည်၊ ကျိုးပြည်၊ နဲ့ အနီးအနားက တိုင်းပြည်ငယ်တွေအထိပါ ဖြန့်ကျက်ထားပြီး လီလင်းဟန်ကို ရှာပေမယ့် လုံးဝမတွေ့ခဲ့ပါ အခုထိလဲ လူအင်အားလျှော့ချလိုက်ပေမယ့် ရှာနေဆဲဖြစ်ပြီး မတွေ့သေးတာဖြစ်သည်။ အကယ်၍ လီလင်းဟန်ကိုသာ တွေ့ရင် အရှင်မက ဓားနဲ့ခုတ်သတ်ပစ်မလားတောင်မသိနိုင်ပါ။

လီလင်းဟန်ဆိုတဲ့ မိန်းကလေးကတော့ လီယဲ့ဟွမ်ခိုင်းလို့ လုပ်ရတာဖြစ်နိုင်လောက်တာမို့ သူမလဲ သနားစရာပါလေ။

သို့ပေမယ့် အရှင်မက လီယွမ့်ကိုတော့ သနားစိတ်ရှိသည်။ ကလေးအရွယ်တည်းက ဟန်ပြည်မှာ ဒုက္ခလာခံခဲ့ရတာမဟုတ်လား။ ဓားစာခံအဖြစ်ခေါ်ထားတယ်ဆိုပေမယ့် ဟန်နန်းတော်ထဲမှာဆို နွေးနွေးထွေးထွေးဆက်ဆံပေးမည့်သူတွေရှိသည်။ ပြန်ပေးဆွဲခံခဲ့ရတဲ့ ၇နှစ်အတွင်းကိုသာ အရှင်မက မတတ်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဒီလိုကိစ္စတွေဖြစ်လာတော့ လီယွမ်က ကြားထဲက ညှပ်နေရတာပါပဲ။

အခုလဲ အရှင်မက လီယွမ့်ကို ကာကွယ်ပေးချင်လို့ ကြင်ယာတော်ပင်မြှောက်ခဲ့ပေမယ့် လင်းရှီးစဲ့က ဖျက်လိုဖျက်စီးလုပ်လိုက်တာကြောင့် အခြေအနေက ကွဲပြားသွားရပြန်သည်။

Gentle & Cruel : Empress Li Yuan Where stories live. Discover now