6

352 39 10
                                    

(6)

" ညီမလေးကို နန်းတော်ကလူတွေနဲ့ မိတ်ဆက်ပေးမယ် ညီမလေးလဲ နေရတာ နေသားကျနေပြီမဟုတ်လား "

ဆေးရောင်ကိုစပ်နေသည့် လင်းရှီးစဲ့က ဘေးနားက စောင့်ကြောင့်ထိုင်ကြည့်နေသည့် လီယွမ့်အား မေးလိုက်သည်။

" ကျွန်မ အကုန်လုံးကို သိပြီးသားပဲ မဟုတ်ဖူးလား မမ "

" အဟင်းဟင်း ... ညီမလေးကတော့လေ
ညီမလေးသိတာ အရှင်မရယ် စစ်သူကြီးရယ် ကိုယ်ရံတော်.မင်ရယ် ယဲ့ကျီရယ် မမရယ်ပဲ ရှိတာမဟုတ်ဘူးလား အဲ့တာလူအကုန်လို့ ထင်နေတာတော့မဟုတ်ဘူးမလား ညီမလေးက အမြဲ နန်းဆောင်ထဲမှာပဲ နေနေတာလေ "

အစ်မရှီးစဲ့ ပြောတာကို စဥ်းစားမိသည်။ ဟုတ်တာပေါ့။ နန်းတော်မှာ သူမသိတဲ့ လူလေး လေးငါးယောက်ပဲရှိတာဘယ်ဖြစ်နိုင်မလဲ။ သူမက နန်းဆောင်ထဲပဲ အောင်းနေတာမို့ ဘယ်သူ့ကိုမှမသိတာ။

" လာ သွားရအောင် "

" ဘယ်ကိုလဲ မမ "

" လိုက်ခဲ့စမ်းပါ "

လီယွမ် အနည်းငယ်ကြောက်မိပေမယ့် အစ်မရှီးစဲ့ ခေါ်ဆောင်ရာသို့ လိုက်လာခဲ့သည်။

အရှေ့နန်းဆောင်ကို ဒုတိယအကြိမ်ရောက်လာတာမို့ လီယွမ် အစ်မရှီးစဲ့ လက်ကိုသာ အတင်းဆုပ်ကိုင်ထားမိသည်။

~~~~~~~

" သူက "

ဥယျာဥ်ထဲမှာ ဆော့ကစားနေတဲ့ ကောင်မလေးတစ်ယောက်ကို မြင်တော့ လီယွမ် လင်းရှီးစဲ့အား မေးလိုက်သည်။

" သူက ဟန်မင်းသမီးလေ ... "

" ဟန်မင်းသမီး "

" အင်း အရှင်မ အစ်ကိုတော်ရဲ့ သမီးပေါ့
အရှင်မ အစ်ကိုတော်က ထီးနန်းမဆက်ခံခင်မှာပဲ အိမ်ရှေ့စံဘဝ ဆုံးပါးသွားခဲ့တာ လီပြည်နဲ့ စစ်ပွဲဖြစ်ရင်းနဲ့လေ "

အရှင်မက သူမကို မုန်းနေလောက်မှာပေါ့။
သူမတို့ လီပြည်နဲ့ ဖြစ်တဲ့ စစ်ပွဲကြောင့် အိမ်ရှေ့စံက ကျဆုံးသွားခဲ့ရတာလေ။

" အိမ်ရှေ့စံမိဖုရားကလဲဆုံးပါးသွားခဲ့တာပဲ အဲ့ဒါကြောင့်ပဲ အရှင်မက ဟန်အိုက်လေးကို သိပ်ချစ်တာ ... သူထိခိုက်မှာစိုးလို့  အတွင်းဘက်ဆုံး ချောင်ကျတဲ့ နန်းဆောင်လေးမှာထားထားတာ ... ဒီဥယျာဥ်ကိုဖြတ်ပြီးသွားရင် ဟန်အိုက်နန်းဆောင်ရောက်လိမ့်မယ် "

Gentle & Cruel : Empress Li Yuan Where stories live. Discover now