16

183 25 3
                                    

(16)

" ရပ်ပေး အခုရပ်ပေး !! "

ဝေါယာဥ်ထဲမှ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့ ဝေါယာဥ်ရပ်သွားပြီး ဘေးနားကလူတွေအကုန်လဲ ရပ်လိုက်ကြသည်။ လီယွမ် ဝေါယာဥ်ထဲမှ ချက်ချင်းဆင်းလိုက်ပြီး ထိုလူတွေအား အကဲခတ်လိုက်သည်။

" ရှင်တို့ ကျွန်မကို ဘယ်ခေါ်လာတာလဲ "

အကုန်လုံးက ဟွမ်ပြည်ကလူတွေဖြစ်ပုံရသည်။ ခန့်မှန်းခြေ အယောက် ၂၀ လောက်ရှိပြီး မြင်းကိုယ်စီနဲ့ ဓားတွေ မြှားတွေ အပြည့်အစုံနှင့်ပင်။ ရှေ့ဆုံးက လူတစ်ဦးမှ မြင်းပေါ်မှဆင်း၍ လီယွမ့်နားသို့ လျှောက်လာပြီး ရှေ့မှာ လာရပ်သည်။

" ကျွန်တော်က လွမ့်မင်ပါ .... ဒီအဖွဲ့ရဲ့ခေါင်းဆောင်ပါ ... ကျွန်တော်တို့က ဟွမ်အရှင်ရဲ့ လက်ယာတပ်ဖွဲ့ဖြစ်ပြီး လီမိန်းကလေးကို အရှင်မင်းကြီဆီ ပို့ဆောင်ပေးရမှာဖြစ်ပါတယ် "

" ဘာတွေလာပြောနေတာလဲ ကျွန်မ မလိုက်ဘူး ! ကျွန်မက လီမင်းသမီးပဲ ... ဟန်ပြည်ကနေ လီပြည်ကို ပြန်နေတာလေ ရှင်တို့က ပြန်ပေးဆွဲလာတာလား "

" မိန်းကလေး ဘာတွေပြောနေလဲ ကျွန်တော် မသိပါဘူး ... ကျွန်တော်ကတော့ ကျွန်တော့ တာဝန်ကို လုပ်ရမှာပါ ... မိန်းကလေးကို လီဘုရင်က ကျွန်တော်တို့ အရှင်မင်းကြီးဆီ ဆက်သထားတာပါ "

" ဟင် ! "

ထိတ်လန့်မှုကြောင့် ရုတ်တရက် စကားပင်မပြောနိုင်သော လီယွမ့်အား ထိုလူက ဝေါယာဥ်ထဲသို့တွန်းထည့်လိုက်သည်။ ထို့နောက် ဝေါယာဥ်က ရွေ့လျားလာတော့သည်။

လီယွမ့်အတွေးတွေက ရှုပ်ထွေးလျက်။
သူမတကယ်ပဲ ဟွမ်ဘုရင်ဆီကို သွားရတော့မှာလား။ ဟွမ်ပြည်ကဘယ်လိုမျိုးလဲ။ သူမအတွက် ဟန်ပြည်လိုပဲ ဖြစ်လာမှာလား။

" ဟင့်အင်း မသွားချင်ဘူး ... "

ဒါပေမယ့် ဒီလူတွေကြားက ဘယ်လိုများထွက်ပြေးရမလဲ။ ဘာလို့များ သူမကျမှ ဒီလိုတွေကြုံနေရတာလဲ။ လောကကြီးက ဘာလို့ သူမအတွက်ပဲ မတရားရတာလဲ။

ဝေါယာဥ်ထဲမှာ ငိုရင်းဖြင့်ပင် လီယွမ် အိပ်ပျော်သွားတော့သည်။

Gentle & Cruel : Empress Li Yuan Where stories live. Discover now