8

341 35 16
                                    

(8)

ယှဥ်ပြိုင်ခြင်းမှာ ပြင်းထန်လာသည်။
အရှင်မက ဆက်တိုက်ဆိုသလို တိုက်ခိုက်နေပြီး
စစ်သူကြီး.ရှင်းမှာ အရှင်မအား အရှုံးပေးရကောင်းနိုးနိုးဖြစ်နေသည်။ အရှင်မ အမျက်တော်ရှမှာကို စိုးရိမ်မိပေမယ့် အရှင်မရဲ့ ဓားကွက်တွေလဲ ပြန်ခုခံနေတာကို ရပ်လို့မရဖြစ်နေသည်။

သို့သော် သူမတို့ ယှဥ်ပြိုင်နေခြင်းကို ကြည့်နေသည့် လီယွမ်က မျက်ရည်တွေဝိုင်းလျက် ကြောက်နေပုံရသည်။ လီယွမ့်ကို ကြည့်မိသည့် တစ်ခဏတွင် စစ်သူကြီး.ရှင်း၏ စိတ်များလွတ်ထွက်သွားပြီး အရှင်မကို ရှုံးနိမ့်သွားရတော့သည်။ အရှင်မက ဓားရှည်ကို စစ်သူကြီး.ရှင်း၏ လည်မျိုနားသို့ ထောက်ကာ အောင်နိုင်သူအပြုံးဖြင့်ပင်။

" ဘယ်လိုလဲကြည့်လို့ကောင်းလား "

လီယွမ့်အားလှည့်မေးခြင်းဖြစ်သော်လဲ လီယွမ်က ကြောက်ကာ ထိုနေရာမှ ထွက်ပြေးတော့သည်။

" လီယွမ် "

အရှင်မက ဓားကိုဓားအိမ်ထဲသိမ်းကာ လီယွမ့်နောက်လိုက်သွားသည်။

ရှင်းရွှယ်ချန်တစ်ယောက်ကတော့ ထိုနေရာမှာ အကြာကြီးငိုင်နေမိသေးသည်။ သူမတို့နှစ်ယောက် အမြဲတမ်း ဓားရေးယှဥ်လေ့ရှိပါတယ်။ ဒါပထမဆုံးအကြိမ်မှမဟုတ်တာ။ အများအားဖြင့် အရှင်မကပဲ အနိုင်ရတာများတယ်။ အရှင်မက သူမထက် သိုင်းပညာပိုတော်ကာ ဖြတ်ထိုးဥာဏ်လဲကောင်းသည်။ သို့သော် သူမကလဲ ခေသူတော့မဟုတ်ပါလေ။

သူမတို့ ယှဥ်ပြိုင်ခြင်းက အချိန်တွေမည်မျှ ကြာသွားမည်ဆိုတာမသိ၍ တစ်ခါတရံ သူမက အရှင်မကို အရှုံးပေးလိုက်သည်။ တစ်ခါတရံလ​ဲ အရှင်မ၏ အကွက်လှလှတွေအောက် ရှုံးနိမ့်ရသည်။
အမြဲတမ်း ပြုံးရယ်နိုင်ခဲ့ပေမယ့် ဒီတစ်ခါတော့မဟုတ်နေခဲ့။

ဒီတစ်ခါ ရှုံးနိမ့်ခြင်းကို စိတ်ထဲတွင် အားမလိုအားမရဖြစ်မိကာ ကိုယ့်ကိုကိုယ်လဲ အသုံးမကျသလိုသာ ခံစားရသည်။
.
.
.
.
" လီယွမ် "

ရှေ့မှ ခပ်မြန်မြန်ပြေးနေသော လီယွမ့်ကို လက်မောင်းမှ လှမ်းဆွဲလိုက်လျှင် ဝှစ်ခနဲဆိုသလို အနားရောက်လာတော့သည်။

Gentle & Cruel : Empress Li Yuan Where stories live. Discover now