20

231 30 9
                                    

(20)

' ကြာပန်းနက် ဆောင်ကြာမြိုင် ´

လီယွမ့်မျက်လုံးတွေက တုန်လှုပ်လျက် အတွေးများစွာက ခေါင်းထဲဝင်ရောက်လာသည်။ မဟုတ်ပါစေနဲ့လို့ သူမ စိတ်ထဲက ဆုတောင်းမိသည်။

သို့သော် သိပ်မကြာခင်ပဲ သူမ ရင်ထဲမှ ဆုတောင်းသံများသည် ပျောက်ကွယ်သွားရတော့သည်။ ဝင်ပေါက်တံခါးမကြီးဟာ ပွင့်လာပြီး အထဲမှ ယောကျ်ားကြီးတစ်ယောက်ထွက်လာသည်။

" ဒီတစ်ခါက တော်တော်သန့်တာပဲ "

" သန့်ဆို အခုမှ အသက်ဆယ့်ရှစ်နှစ်တဲ့ "

" ဒါဆို အပျိုစင်လေးပေါ့ ... နောက်ကြောင်းရော ဘယ်လိုလဲ ရှုပ်ရှုပ်ယှက်ယှက် ပြသနာဖြစ်ရင် မရဘူးနော် "

" ဘာပြသနာမှမရှိဘူး ... အကုန်ရှင်းတယ် သူက နယ်စပ်ပိုင်းရွာကလာတာ မိဘတွေလဲ မရှိတော့ဘူး ... အဲ့တော့ ငါတို့က ဒီလောက် ကောင်းတာလေး ခေါ်လာပေးတာ ငွေကိုတော့ အရင်ကထက် သုံးဆလိုချင်တယ် "

" သုံးဆ ! ကောင်းပြီလေ တန်ပါတယ် "

ယောကျ်ားကြီးမှာ လီယွမ့်ကို စုန်ချည်ဆန်ချည်ကြည့်ပြီး ရယ်သည်။ ထို့နောက် အမျိုးသမီး ကြီးနှစ်ယောက်အား အထုပ်တစ်ထုပ်ကမ်းပေးသည်။

" ဒီထဲမှာ တစ်ဝက်ပါလိမ့်မယ် ... နောက်တစ်ဝက်ကို မနက်ဖြန်လာယူ "

" ဟုတ်ပြီလေ ... ရတယ်
ဒါဆို ငါတို့ပြန်တော့မယ် ကဲ ကောင်မလေး ကောင်းကောင်းမွန်မွန်နေရစ်ခဲ့ ... ငါတို့အတွက် ငွေရှာပေးလို့လဲ ကျေးဇူးပါ ဒါပေမယ့် ဖြစ်သင့်တယ်မလား ငါတို့မင်းကို တွင်းထဲက ကယ်ပေးထားတာပဲ "

လီယွမ် ဘာမှမပြောနိုင်ခင်မှာပဲ အမျိုးသမီးကြီးနှစ်ယောက်က ထွက်သွားတော့သည်။
ဒီလို အခြေအနေကိုရောက်သွားပြီလားဟူသော ဝမ်းနည်းစိတ်တွေက ကြောက်စိတ်ကို လွှမ်းမိုးသွားလေသည်။ လီယွမ့် မျက်ဝန်းမှာ မျက်ရည်ကြည်များလဲ့နေသည်။

ဘာကိုမျှ မပြောနိုင်၊ ဘာကိုမျှလည်း မတတ်နိုင်ပါ။

" ဟေ့ လာခဲ့စမ်း ... "

ပေကပ်ကပ်လုပ်နေတဲ့ လီယွမ့်ကို ထိုယောကျ်ားကြီးက အင်္ကျီစကိုဆွဲပြီး တရွတ်တိုက်နီးပါး ဆွဲခေါ်သွားတော့သည်။

Gentle & Cruel : Empress Li Yuan Where stories live. Discover now