Daisy ဟာ သူ့ ရဲ့ မွေးနေ့ဖြစ်တာကြောင့် J ဝယ်ပေးထားတဲ့ အကျီ အဖြူရောင်ဝမ်းဆက်လေးကို ဝတ်ကာ J အလုပ်က ပြန်အလာကို စောင့်လို့နေတယ်
အိမ်ရှေ့ကားသံကြားလို့ ဧည့်ခန်းမှာထိုင်နေရာကနေ ထကာ အပြေးလေးထွက်လို့လာတဲ့ Daisy.. တံခါးမကြီးကိုပွင့်တာနဲ့ ထွက်လာလိုက်ပြီး ပါးစပ်က အလိုလိုထွက်သွားတဲ့ ခေါ်သံ
"J "
ဝမ်းသာအားရထွက်လာပေမယ့် သူတွေ့လိုက်ရတာက ကားခေါင်းခန်းထဲ အနမ်းမိုးရွာနေတဲ့ J နဲ့ အမျိုးသမီးတဦးကြောင့် Dasiy မှာ ခုဏဝမ်းသာစွာပြေး ထွက်လာတဲ့ စိတ်တို့က ချက်ချင်းပျောက်သွားကာ..ဝမ်းနည်းစိတ်က ကြီးစိုးလို့ မငိုမိအောင်ထိန်းကာ ကျချင်နေတဲ့ မျက်ရည်တို့ကို အပြင်ထွက်မလာအောင် ထိန်းထားလိုက်သည်..
Daisy ခေါ်သံကြောင့်နမ်းနေတာကနေရပ်လိုက်တဲ့ J.. သူကိုလှည့်ကြည့်လာပြီး ကားပေါ်ကနေဆင်းလာကာ အဖြူလေးနဲ့ နတ်သားလေးတပါးလို့ လှလို့နေတဲ့ Daisy စီမှာ အကြည့်တို့မလွဲနိုင်ဖြစ်လို့နေသည့် J..
Jk pov..Daisy မင်းဟာ နာမည်နဲ့ လိုက်အောင်ကို မျက်စိရှေ့မှာတင် ပွင့်လန်းလာလိုက်တာ မထိရပ်မကိုင်ရပ်စရာလေးပါလား ..
Jk pov..ဒါပေမယ့် မင်းက ခုလို ငါနဲ့ အခြားမိန်းမတယောက်နဲ့ ခုလိုနမ်းနေတာကိုမြင်တာတောင် မင်းက ဘာမှမဖြစ်ဘူးဆိုတော့ မင်းက ငါ့အပေါ်ချစ်တယ်ဆိုတာ ငါဘယ်လိုယုံကြည်ရမလည်း မင်းက ငါ့အပေါ် ဘာခံစားချက်မှမရှိတဲ့ လူတယောက်လိုပဲ ငါ့ကိုစိတ်ချမ်းသာစေချင်လို့သာပြောပြီး မင်းကခံစားချက်မရှိဘူးဆိုတဲ့ သဘောပေါ့ ဟုတ်လား Daisy..
" သခင်လေး ပြန်ရောက်ပြီလား "
အနားမှာ တွယ်ကပ်နေတဲ့ marina ဆိုတဲ့ ထိုအမျိုးသမီး ကိုချက်ချင်းဆိုသလိုပင် မောင်းထုတ်လိုက်တဲ့ J
" ထွက်သွားတော့ "
" ကို "
" ထွက်သွားလို့ပြောနေတယ်နော် မင်း အဖေနဲ့ ငါ့အလုပ်ကိစ္စလည်း ပြီးပြီ မင်းနဲ့ထပ်ပတ်သက်စရာမလိုတော့ဘူး သွားတော့ "
" ဘာ တောက်! !!"
Tae pov..ဘာလို့များ အဲ့လောက်ခက်ထန်နေရတာလည်း J.. ခုရောဘာကိုအလိုမကျပြန်ပြီလည်း..
![](https://img.wattpad.com/cover/341887255-288-k152809.jpg)