သားဖြစ်သူကိုသိပ်ပြီး အခန်းထဲမှာ စောင့်နေပေမယ့်အိမ်ပေါ်ကိုတက်မလာသေးတဲ့ Daisy ကြောင့် J မှာ ကုတင်ပေါ်ကနေချက်ချင်းထကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်...
" Daisy ဘာလုပ်နေတာလည်း "
" ဟင် ဒီမှာလေ သားမွေးနေ့ဖိတ်မယ့်သူစာရင်း စစ်နေတာမောင် "
ဆိုဖာမှာထိုင်နေတဲ့ Daisy ရှေ့ ဒူးထောက်ထိုင်လိုက်တာကြောင့် Daisy ဟာ လက်ထဲက စာရွက်လေးတွေကို စားပွဲပေါ်တင်လိုက်ပြီး J ကို ဘာဖြစ်လို့လည်းဆိုတဲ့အကြည့်နဲ့ကြည့်လိုက်တော့.. ပြုံးပြလာတဲ့ အပြုံးက လူယုတ်မာအပြုံးနဲ့..
J ဟာ Daisy ရှေ့ဒူးထောက်ထိုင်ထားရာကနေ Daisy ရဲ့ ခါးကိုဖတ်လိုက်ကာ ဂျိုင်းကြားကို ခေါင်းထိုးဝင်လို့ Daisy ရဲ့ ကိုယ်လုံးလေးကို တခါထဲ အိမ်ပေါ်ထပ်သို့ထမ်းခေါ်လာခဲ့တော့သည်...
ဇောက်ထိုးပါလာတဲ့ Daisy ကတော့ ကျောပြင်ကိုထုနေပေမယ့် ဘာမှထူးမခြားနား.." ရားးး J ဘာလို့လည်း "
" အလိုက်မသိလိုက်တာကွာ ဒီမှာ အရမ်းချစ်ချင်နေပြီမသိတာလား "
" ဟာ မောင် သားရော သားအိပ်ပြီလား "
" အိပ်သွားလို့ပေါ့ကွာ "
J ဟာ Daisy ကို ကုတင်ပေါ်သို့ ချပေးလိုက်တော့ ဒူးထောင်လျက်သား Daisy ရဲ့ ပေါင်မနှစ်ခုကြားသို့ ဝင်လိုက်ပြီး Daisy ရဲ့ ကိုယ်ပေါ်ကိုမှောက်ချလိုက်ကာ အကြည့်ခြင်းစုံလို့...
" ရွာမှာပြောထားတဲ့စကားမှတ်မိလား "
" ဟင် ဘာပြောခဲ့လို့လည်းမောင် "
J ဟာ Daisy ရဲ့အောက်နှုတ်ခမ်းဖျားလေးကို တချက် ဖွဖွလေးကိုက်ဆွဲ ဆွဲလိုက်ပြီ..
" ဒီနှုတ်ခမ်းဖျားလေးကနေ ပြောလာတာလေ မောင့်ကိုလိုချင်ပါတယ်ဆိုပြီး "
Daisy ဟာ ရှက်လို့မျက်နှာလေးစောင်းလိုက်တော့
" ဘာတွေခုမှ ရှက် မောင့်ကိုကြည့် Daisy တကယ်လိုချင်ခဲ့တာလား မောင်နဲ့ဝေးနေတဲ့ အတောအတွင်း"
Daisy ဟာ ရှက်ရှက်နဲ့သာ ခေါင်းလေးညိတ်ပြကာ ပါးစပ်ကလည်းဖြေလိုက်တော့သည်..
