သူတိူ့နှစ်ယောက်အရင်လိုတူတူပြန်နေခဲ့ကြသည်..J ဟာ အရင်လိုတော့မဟုတ်တော့ အရာရာ Daisy ကိုသာဦးစားပေးလာသလို အရင်ထက် ပို၍အလိုလိုက်သလို..Daisy ကလည်း အရင်ကမချွဲတပ်သလောက် ခုတော့ ချွဲတက်လာပြီ..ခုဆို J က Daisy ကို သူကိုယ်တိုင်ထမင်းချက်ကျွေးမယ်လို့ပါပြောလာတော့သည် .
နေ့လင်းခင်း ဗိုက်ဆာတယ်ဆိုလို့ သူကိုယ်တိုင် ခေါက်ဆွဲလုပ်ပေးမယ်လို့ပြောလာတာကြောင့် Daisy မှာ အံ့သြရသေးသည်..
အတူတူနေ့လာတဲ့ အချိန်ကာလ တခုမှာ J ဟာ အိမ်စေတွေရဲ့ချက်ပြုတ်ထားတာမှန်သမျှကို Daisy က သေချာပြန်ပြင်ဆင်ပေးတာကိုသာ အခန့်သားစားလာခဲ့တာ ဒီအသက်အရွယ်ထိလို့ပြောရင်မမှား..
ခုတော့ သူကိုယ်တိုင်ချက်ကျွေးမယ်ပြောလာတာကြောင့် Daisy ကတော့ မျက်ခုံးခက်လှုပ် လှုပ်.
သို့သော် Daisy ဟာ J ဘာလုပ်လုပ် အပြုံးတချက်မပျက် စားပွဲခုံလေးမှာထိုင်စောင့်လို့နေသည်..ဟင်းချက်နေတဲ့ J ရဲ့ ကျောပြင်ကြီးကိုကြည့်ပြီး"မောင် "
Daisy ရဲ့ မောင်လို့ခေါ်သံကြောင့် J ဟာ အံ့သြစွာ
လှည့်ကြည့်မိတော့ ပြုံးပြလာတဲ့ Daisy ကြောင့် J ဟာလည်း ပြုံးပြကာ ထူးလိုက်ပြီး တဖန်ဟင်းပြန်ချက်လို့နေသည်.."ဗျာ"
"မောင် "
" အင်း Daisy "
" မောင် "
" အင်း ပြော Daisy "
" မောင် "
" ပြောလေ Daisy ရဲ့ "
" မောင် "
" ပြောပါဗျာ ဘာများလိုချင်လို့ပါလည်း "
" မောင်...."
" ဟော ဘာလုပ်ပေးစေချင်နေတာလည်း Daisy "
" မောင် "
" Daisy မောင့် ကိုရစ်နေတာလည်း"
" မောင် "
" ဒီမှာဟင်းချက်နေတာနော် အသဲယားအောင်မလုပ်နဲ့"
"မောင် "
Daisy ဟာ သူ့အတွက်ဆိုပြီး ဟင်းအိုးကို အသဲအသန်ချက်နေတဲ့ J က သူကိုလုံးဝလှည့်မကြည့်ပဲ ထူးနေတာကြောင့် လှည့်မကြည့်မခြင်းခေါ်နေလိုက်သည်.စိတ်မရှည်ကာ အသဲယားလာပြီး J ဟာ မျက်မှောင်လေးကျုတ်ကာလှည့်ကြည့်လာပြီး အော်လိုက်တော့သည်..
