ညနေ Jeon Tae လေးကြောင်းကြိုချိန်မှာ အလုပ်ကနေစောစောပြန်လာခဲ့ကြသည်..အရင်လိုဆို Daisy က ကြိုထားပြီးမှ ပန်းဆိုင်ကို J အလုပ်ပြန်ချိန်ဝင်ကြိုနေကြလေ..
ခုတော့ သူတို့နှစ်ယောက်တူတူကြိုဖြစ်ကြတာပေါ့..ကျောင်းရှေ့မလှန်းမကန်းနားလောက်မှာကားကိုရပ်ကာ ကျောင်းဆင်းချိန်ကိုစောင့် နေကြသည်.
အတန်းငယ်တွေအရင်လွှတ်တော့ Haruu လေးက အရင်ထွက်လာသည်..Haruu လေးက ကျောင်းရှေ့သို့ပြေးထွက်လာပြီး ကျောင်းရှေ့မှာ စောင့်နေတဲ့ အမျိုးသားတဦးရှိရာစီပြေးလို့သွားသည်..
" မောင် အဲ့တာ Haruu appa ထင်တယ် ငါတို့ထက်ငယ်မယ်ထင်တယ်နော် "
" အင်းဟုတ်မယ် အချစ် "
" ဟော ဟိုမှာသားလာပြီ မောင် "
အဖေဖြစ်သူနှစ်ယောက်လာကြိုတော့အပျော်လွန်နေတဲ့ Jeon Tae. သို့သော်ဘယ်တော့မှဟန်မပျက် သူများကလေးတွေလိုပြေးပြီးထွက်လာတယ်ဆိုတာမရှိ အေးအေးဆေးဆေးလမ်းလေးလျှောက်လို့သာ..
" Daddy နဲ့ appa က သားကိုတူတူလာကြိုတယ် Daddy အလုပ်အစောကြီးပြန်လာတာလား "
Daisy " appa ကဆိုင်မဖွင့်ပဲ Daddy စီလိုက်သွားတာသား"
" ဘာလည်း နှစ်ယောက်ထဲ ချိန်းတွေ့ပြန်ပြီလား "
J " ဟာမင်းက မင်း Daddy ကို အဲ့လောက်အားနေတယ်ထင်နေတာလား "
" သိဘူးလေ Daddy ကလည်း အားခဏလေးခဏလေး appa "
ကားပေါ်တက်ခါနီး appa ဖြစ်သူလက်သူလက်ကိုဆွဲကာ ကားပေါ်မတက်သေးပဲ ဘာပြောချင်နေမှန်းမသိ ရုပ်လေးက သူ Daddy အတိုင်း မျက်နှာငယ်လေးနဲ့လုပ်ပြနေပြီဆို သိလိုက်ပြီလေ ...
" ပြောဘာပူဆာမလို့လည်း "
" ဟိုလေ သားတို့အိမ်မှာလေ Ha Haruu တို့ကို ထမင်းဖိတ်ကျွေးလို့ရမလားလို့ "
J " ငါသား "
"Daddy.. appa please "
Daisy " စဥ်းစားအုံးမယ် "
appa ဖြစ်သူက စဥ်းစားအုံးမယ်လည်းပြောလိုက်ရော ချက်ချင်းစိတ်မကောင်းဖြစ်သွားတဲ့မျက်နှာလေးနဲ့ ခေါင်းလေးငုံ့ကာ ကားပေါ်တက်လို့သွားတဲ့ Jeon Tae..ကားအပြင်မှာကျန်ခဲ့တဲ့ သူတို့နှစ်ယောက်.
![](https://img.wattpad.com/cover/341887255-288-k152809.jpg)