" ဟို တဆိတ်လောက်ပါခင်ဗျ ဟင် Jimin "
" Tae ငါတို့မတွေ့ရတာတောင်ကြာသွားပြီနော် ဒီကို ဘာလို့ "
" ဟိုမှာ J နဲ့ ငါ့သား Jeon Tae "
Daisy လက်ညိုးညွန်ရာကြည့်လိုက်တော့ သူမျက်နှာလှည့်ထဲက သူ့ကိုမြင်ပြီးသွားတဲ့ J ဟာ မျက်မှောင်ကိုကျုတ်လို့ သူတို့အနားကိုလျှောက်လို့လာနေပြီ အနားရောက်တော့ သားကို လက်တဖက်နဲ့ပြောင်းချီကာ Daisy ကို Jimin နားကနေ သူနားသို့လှမ်းဆွဲလိုက်သည်..
" J "
" မရိုက်တော့ဘူး ပြန်မယ် "
" ငါရိုက်ပေးမယ်လေ Tae ပေးဖုန်း "
Jimin ကလည်း J မရိုက်ချင်တော့မှန်းသိတာကြောင့်တမင်ကို Tae ရဲ့ လက်ထဲက ဖုန်းကိုဆွဲယူလိုက်သည်..
" ငါမရိုက်ဘူးလို့ပြောပြီးပြီလေ "
" ငါရိုက်ပေးချင်လို့လေ "
"တော်ပြီ နှစ်ယောက်လုံး..မောင် ငါ့ကိုကြည့် "
Daisy က Jimin ကို မျက်မှောင်ကျုတ်ကာ
ကြည့်လို့နေတဲ့ J ရဲ့မျက်နှာကို သူဘက်သို့ ဆွဲ
လှည့်လိုက်ပြီး မျက်လုံးခြင်းဆုံကာ.." ဘာဖြစ်လို့လည်း မောင် ဟင် "
J ဟာ ပါးပြင်လေးကိုကိုင်ကာ နုနုညံ့ညံ့လေးကြည့်ကာမေးလို့နေတဲ့ Daisy ကို ဘာမှပြန်မပြောနိုင်သက်ပြင်းတချက်သာ ချလိုက်မိတော့သည်..
" Daisy သဘောပါ "
ငါးအကြီးကြီးတွေရှိတဲ့ မှန်ဘောင်ရှေ့ သားကိုချီထားတဲ့ J ရဲ့ လက်ကိုချိတ်လိုက်တဲ့ Daisy..
မတွေ့တာ အချိန်ကာလတခုမှ တဖက်ကတော့ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်နေပြီဖြစ်ပေမယ့် သူကတော့ ချစ်ခဲ့ဘူးတဲ့ အချစ်ဦးကိုသာ မမေ့နိုင် အမှတ်တရများစွာကိုသတိရစွာဖြတ်သန်းနေလာခဲ့တာ ခုလိုထိပ်တိုက်တွေ့ကြပြန်တော့ အချစ်ဦးပျော်နေတာလေးမြင်ပြန်တော့လည်း သူ့မှာပျော်ရပြန်တယ်.." ဦးလေး သားဗိုက်ဆာတယ် သားကိုမုန့်ဝယ်ကျွေး "
ဓာတ်ပုံရိုက်ပေးလို့ပြီးတော့ Daisy တို့ကနှုတ်ဆက်ကာပြန်လို့သွားတာကို မျက်စိတဆုံးအပြုံးလေးဖြင့်လိုက်ကြည့်နေချိန် ဘေးမှာပါလာတဲ့ တူလေးက လက်ကိုဆွဲကာ ဗိုက်ဆာကြောင်းပြောတာကြောင့် စားသောက်ဆိုင်တွေရှိရာ ထွက်လာခဲ့ကြသည်..
![](https://img.wattpad.com/cover/341887255-288-k152809.jpg)