မနက်ခင်းလေးမှာ အိမ်စေနဲ့အတူ အိမ်သန့်ရှင်းရေးလုပ်လို့နေတဲ့ Daisy..J ဟာ အရင်လို Daisy ကို ချုပ်နှောင်ထားခြင်းဘာမှမရှိတော့ Daisy ဟာ လွှတ်လပ်စွာနေပိုင်ခွင့်ရှိလာခဲ့သည်..
အိမ်အတွင်းပိုင်းကို သူ့စိတ်တိုင်းကျပြင်ဆင်နေတဲ့ Daisy..ကျောင်းလည်းမတက်ဖြစ်တော့တာကြောင့် အိမ်မှာပဲ လုပ်စရာရှိတာတွေ လုပ်ဖြစ်နေတော့သည်..
J ဟာ အလုပ်သွားဖို့ ဝတ်စုံအပြည့်နဲ့ အိမ်ပေါ်ကဆင်းလာချိန်မှာတော့ လုပ်လက်စအလုပ်တွေကို ဒီတိုင်းထားခဲ့လို့ အိမ်စေတွေအားလုံးဟာ အပြင်ကိုအကုန်ထွက်သွားကြတော့သည်..
ဒါကတော့ ခွင့်ပြုထားတဲ့ထဲကတောင်းဆိုထားတဲ့ တခု..ဘာလို့ဆို သူကသွားခါနီးတိုင်း Daisy ကို အနမ်းပေးသေးတာမို့ ဒါကိုဘယ်သူမှ မမြင်စေချင်တာကြောင့်ပင် ဖြစ်သည်..
" J သွားတော့မှာလား "
အနားကိုရောက်လာတဲ့ J ဟာ Daisy ရဲ့ခါးလေးကို ဖတ်ထားလိုက်ပြီး Daisy ရဲ့ ပါးလေးကို အနမ်းပေးလိုက်သည်..
" morning Daisy "
" morning J "Daisy ဟာ J ရဲ့ ကုတ်အကျီကိုသေချာဝတ်ပေးကာ နတ်ကတိုင်လေးကိုစီးပေးလို့နေသည်..
" Daisy မောင်တို့ တခန်းထဲတူတူနေရအောင် "
" လက်ထက်ပြီးရင်နေမယ်လေ "
" လာခုပဲသွားကြရအောင် "
" J နော် "
နတ်ကတိုင်စီးရင် နှုတ်ခမ်းလေးဆူကာ စိတ်ဆိုးဟန်ပြလိုက်တော့ ထိုနှုတ်ခမ်းလေးကို အနမ်းပေးပြန်တဲ့ J..
ပြွတ်*
" ဟားဟား စိတ်ဆိုးတာလေးက ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလည်း Daisy ""J ဒီနေ့က စပြီး ငါက ထမင်းလာပို့ပေးမယ် အပြင်စာမစားရတော့ဘူး "
" ဘာလို့ "
" ဘာလည်းမစားချင်လို့ ပြန်မေးနေတာလား "
ထပ်မှန် စိတ်ဆိုးတဲ့ မျက်နှာအမှုအရာလေးနဲ့ နတ်ကတိုင်ကို ခက်တင်းတင်းဆွဲလိုက်တော့..J ဟာ သဘောတကျပြုံးလိုက်ပြီးး..
" မဟုတ်ရပါဘူး မောင် ကပိုတောင်သဘောကျသေးတယ် မောင့် အချစ်လေးကိုမနက်ရော နေခင်းရော ညရော...အင်းးး"
