မနက်ခင်းစောစောအထုတ်အပိုးတွေပြင်ဆင်နေတဲ့ Daisy..အနောက်ကနေတကောက်ကောက်လိုက်ကာပြန်စဥ်းစားဖို့ပြောနေကြတဲ့သားဖနှစ်ယောက်..
"Daisy မောင်ကလေ သမီးလေးမရှိလည်းဖြစ်တယ် သိလား မောင့်မှာမောင်နဲ့တူတဲ့သားတယောက်လုံးရှိနေပြီ သမီးမလိုတော့ဘူး "
" ငါနဲ့တူတဲ့သမီးလိုချင်သေးတယ် "
" Daddy ကလည်း စကားကိုမပြောတက်ဘူး. appa သားလည်းညီမလေးမလိုချင်တော့ဘူး ညီမလေးတွေကရှုတ်တယ် သားတယောက်ထဲပဲနေတော့မယ် "
" သားတယောက်ထဲနေတော့ appaက အဖော်သမီးလေးလိုချင်တာပေါ့ "
" Jeon Tae မင်းကောဘာထူးလည်း "
သားဖနှစ်ယောက် appa ဖြစ်သူစိတ်ပြောင်းအောင်ပြောနေရင်းကို စကားများနေကြပြန်တယ်..
" ကဲနှစ်ယောက်စလုံး ပါးစပ်ပိတ်ပြီးလိုက်လာမှာလား နှစ်ယောက်စလုံးအိမ်မှာနေခဲ့ချင်တာလားပြော "
" ဘာလို့မလိုက်ရမှာလည်းလိုက်မှာ "
" သားလည်းလိုက်မှာ"
" Jeon Tae ကျောင်းရှိတယ်လေ "
" appa ကလည်းစာကဘယ်ချိန်ပြန်သင်သင်ရတယ် appa နားမှာ သားရှိနေမှဖြစ်မှာ "
" ကဲ ဟုတ်ပြီ J သွားရအောင် "
Daisy
ဆေးရုံရောက်တော့ ဒေါက်တာ Namjoon နဲ့အတူတူ အခြားဆရာဝန်များအသင့်စောင့်လို့နေကြသည်..
NJ " လူစုံတက်စုံပါလား ငါ့တူ Jeon Tae ကျောင်းမသွားဘူးပေါ့ ဘာလည်း appa ကိုစိတ်ပူလို့လား "
" ဟုတ်ကဲ့ ဦးလေး "
" လိမ္မာလိုက်တာကွာ Taehyung အဆင့်သင့်ဖြစ်ပြီလား ဖြစ်ရင်သူနာပြုတွေနဲ့လိုက်သွားလိုက်နော် "
" ဟုတ် Hyung "
Taehyung ကတော့ဘာမှမဖြစ် သူနာပြုတွေနောက်ပါသွားပေမယ့် အနောက်မှာကျန်ခဲ့တဲ့သားဖနှစ်ယောက်ကတော့ လက်ကလေးတွေဆုပ်လို့ကိုင်ထားကြသည်..
" မင်းတို့သားဖကဘာဖြစ်နေတာလည်း ခွဲရမယ့်သူကဘာမှမဖြစ်မင်းတို့က တော်တော်ဖြစ် "
Namjoon ပြောလိုက်တော့ သားဖနှစ်ယောက်ရဲ့မျက်စောင်းလေးထိုးကာနှုတ်ခမ်းလေးကဆူသယောင် ယောင် အကြည့်စူးစူးတွေက Namjoon Hyung စီဆိုက်ေရာက်သွားကာပြိုင်တူအသံထွက်လို့လာသည်..
![](https://img.wattpad.com/cover/341887255-288-k152809.jpg)