51

5K 268 13
                                    

ညနေ J မပြန်လာခင်လောက်မှာ အိမ်တော်ထိန်းတွေပို့ပေးထားတဲ့ အစားအသောက်တွေကို သေချာလေးပြင်ဆင်ထားပြီး အသီးအနှံ​လေးတွေကိုတော့ ကိုယ်တိုင်ခွာလို့နေတဲ့ Daisy..

Jeon Tae လေးကို ဧည့်ခန်းက ပုခက်လေးထဲသိပ်လို့ထားတာကြောင့် အေးအေးလူလူအသီးနွှာလို့နေသည်...

ထိုအချိန်ဘယ်ချိန်မှာ ဘယ်လိုဝင်လာမှန်းတောင်မသိလိုက်တဲ့ J ဟာ Daisy ရဲ့ အနောက်ကနေ ခါးလေးကိုဖတ်လိုက်တော့ အသီးနွှာရင်းလန့်လို့သွားတဲ့ Daisy..

" အောင်မ​​လေး ဟာ J ဘယ်လိုရောက်လာတာလည်း အသံတောင်မကြားရဘူး "

J ဟာ အနောက်ကနေ Daisy ရဲ့ ပါးလေးကိုနမ်းကာ လက်နောက်မှာ ဖွက်လို့ထားတဲ့ အနီရဲရဲနှင်းဆီပန်းလေးကို Daisy ကိုပေးလိုက်တော့ Daisy ဟာ ပန်းစီးလေးမြင်တော့ ပျော်လို့သွားသည်..

လက်ထဲက အသီးကိုချကာ ပန်းစည်းလေးကို ယူလိုက်ပြီး မွှေကြူလို့နေသည်..J ကလည်း Daisy ခါးလေးကို အနောက်ကနေသိုင်းကာဖတ်လို့ထားပြီး

" Daisy မောင်တို့ ဒီည party ကျင်းပါ့ကျမလား "

" ဘယ်လိုလည်း J "

" ဝိုင်သောက်ရင်း သီချင်းငြိမ်ငြိမ်လေးနဲ့ slow dancing ကြမလားလို့ပြောတာ "

" အင်း မောင့် သဘော ခုတော့ ရေသွားချိုး သားမနိုးခင်လေး ထမင်းစားကြရအောင်."

Daisy ရဲ့စကားမဆုံးခင်မှာပင် အိမ်ရှေ့က ပုခက်ထဲက Jeon Tae လေးရဲ့ အင့်ဆိုတဲ့အသံနောက်မှာ အူဝဲဆိုပြီးအော်ငိုလာပါတော့တယ်..ငိုသံလည်းကြားရော J နဲ့ Daisy ဟာ တယောက်မျက်နှာတယောက်ကြည့်ကာ ရီလိုက်မိတော့သည်..

" မောင့် သားက မောင်ပြန်လာတာ သိလို့ထင်တယ် "

" သွားရေသွားချိုးအုံး ပြီးမှ မောင့်သားကိုချီ "

" ဟုတ်ကဲ့ပါဗျာ "

J ဟာ Tae ရဲ့ပါးလေးကို တချက်အနမ်းပေးကာ အိမ်ပေါ်ထပ်သို့ မြန်မြန်လေးပြေးတက်သွားတော့သည်..

Daisy မှာတော့ အသီးနွှာလက်စကို ထားကာ ပန်းစီးလေးကို စားပွဲပေါ်တင်လို့ အိမ်ရှေ့ပုခက်ထဲက Jeon Tae လေးကိုပွေ့ချီကာ ချော့​​​မြူရင်း အိမ်တော်ထိန်းစီ ဖုန်းဆက်လိုက်သည်.

Daisy  (complete) Where stories live. Discover now