သူတို့ရဲ့ မဂ်လာ နှစ်ပက်လည်နေ့လည်းရောက်တော့မှာဖြစ်သလို..သားလေး Jeon Tae ကလည်း အသက်တနှစ်ပြည့်တော့မယ်..အရာအားလုံးက အဆင်ပြေနေပြီထင်ခဲ့တာ ခုလိုအချိန်မရောက်သေးခင်ထိပေါ့..
ခုဆို အရင်က အိမ်ကိုစောစောပြန်တက်တဲ့ J က ခုနောက်ပိုင်းတော်တော်လေးနောက်ကျလာတယ်...
အိမ်ပြန်ရောက်ရင်လည်း ပင်ပန်းလို့မောင်နားတော့မယ် ..ထမင်းလည်းအပြင်က စားလာပြီးပြီ ဆိုသော ဆင်ခြေတွေနဲ့သာ ညတိုင်းကြားနေရတဲ့ Daisy..
အမြဲတန်းပြန်လာခါနီးတိုင်း ထမင်းစားဖို့ပြင်ပေးထားတဲ့ Daisy.. သူလည်းမစားပဲ အမြဲစောင့်နေတက်ပေမယ့် နောက်ဆုံးတော့ သူပါစားချင်စိတ်မရှိတော့ပဲမစားဖြစ်တဲ့ နေ့ရက်တွေမနည်းတော့ဘူး..
" မောင် ဒီရက်ပိုင်းအိမ်ပြန်နောက်ကျတယ်နော် "
" ဟုတ်တယ် Daisy မောင် အလုပ်နည်းနည်းရှုပ်နေလို့ "
" အင်း ထမင်းစားတော့မလား မောင် "
" sorry Daisy မောင်အပြင်မှာစားလာပြီးပြီ မောင်နားတော့မယ်နော် Daisy သားရော အိပ်ပြီလား "
J ဟာ Daisy ပါးလေးကို အနမ်းပေးလို့ အိမ်ပေါ်သို့စကားပြောရင်းတက်လို့သွားသည်..Daisy ကလည်း အနောက်ကနေ J ချွတ်ပေးတဲ့ အကျီတွေကို ယူကာ လိုက်လာခဲ့သည်..
" အိမ်သွားပြီ မောင် သားကအစောကြီးအိပ်တက်တယ် လေ မောင်မသိဘူးလား "
" အင်း ဟုတ်လား "
J ဟာ ရေတောင်မချိုးနိုင် အတွင်းခံတထည်နဲ့သာ အိပ်ယာပေါ် မှောက်လျက်လှဲချလို့ခဏအကြာမှာပင်အိပ်ပျော်သွားတော့သည်..
ဒါကို J ချွတ်ထားတဲ့ အကျီတွေကို ကိုင်လျက် ရပ်လို့ကြည့်နေတဲ့ Daisy..ပါးပြင်ပေါ်သို့ မျက်ရည်တို့ကလည်းစီးကျလာတော့ သည်..
ပြင်ဆင်ထားတဲ့ ညစာထမင်းဝိုင်းလေးကို မျက်ရည်တွေနဲ့ သွန်ပြစ်ခဲ့တာကို J တယောက်သိမယ်မထင် ..
...
" J မနက်စာ "
" မောင် မစားတော့ဘူး အရေးကြီးကိစ္စရှိလို့သွားပြီနော် Daisy "
